သူငယ်ချင်းဆက်ဆံရေးကို ဖော်ညွှန်းနေတဲ့ မြန်မာဓာတ်ပုံဆရာ(၃) ဦးရဲ့ပြိုင်ပွဲဝင်ဓာတ်ပုံများ

yyl-013-13.jpg

Agora အက်ပလီကေးရှင်းက ဓာတ်ပုံပြိုင်ပွဲတွေ တစ်မျိုးပြီးတစ်မျိုးကျင်းပလေ့ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံဆရာတွေ ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။ အခုလည်း “Friends2020” ဓာတ်ပုံပြိုင်ပွဲကို ကျင်းပထားပြီး ဓာတ်ပုံဆရာ (၁၆၃၂၈) ကျော်က ပါဝင်ယှဉ်ပြိုင်ထားပါတယ်။ ဓာတ်ပုံကနေတဆင့် သူငယ်ချင်းဆက်ဆံရေးကို ဖော်ပြနေတဲ့ ဓာတ်ပုံဆရာတွေထဲကမှ အကောင်းဆုံးရိုက်ချက်တွေကို Agoraက ရွေးချယ်ခဲ့ပါတယ်။

Agora ရဲ့စီးအီးအိုနဲ့ တွဲဖက်တည်ထောင်သူက “သူငယ်ချင်းဆက်ဆံရေးက ကျွန်တော်တို့ရဲ့ယဉ်ကျေးမှု၊ ယုံကြည်ချက်တွေနဲ့ ဘဝအတွေ့အကြုံတွေအရ နည်းအမျိုးမျိုးနဲ့ သတိပြုမိနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာအယူအဆတစ်ခုပါပဲ။ Agora မှာ မရေတွက်နိုင်လောက်တဲ့ နည်းမျိုးစုံနဲ့ သူငယ်ချင်းဆက်ဆံရေးကို မြင်တွေ့ရပါတယ်။ လူသားတွေကြားမှာ ရှိနေတဲ့ အချစ်၊ ယုံကြည်မှု၊ ပံ့ပိုးကူညီမှုတွေကိုလည်း မြင်ရပါတယ်။ သူငယ်ချင်းဆက်ဆံရေးရဲ့ရလဒ်အနေနဲ့ ပျော်ရွှင်တဲ့ဘဝကို မျှဝေတာပါပဲ” လို့ ပြောပါတယ်။

“Friendship2020″အတွက် ဆုရရှိသူက ဘယ်သူဖြစ်မလဲ။ Agora မှာ ကိုယ့်ကြိုက်နှစ်သက်ဆုံးဓာတ်ပုံတွေကို မဲပေးလို့ရပါတယ်နော်။ မဲအများဆုံးဓာတ်ပုံပိုင်ရှင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကြေညာပေးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀၀၀) ကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးဆန်ကာတင်စာရင်းမှာ မြန်မာနိုင်ငံက ဓာတ်ပုံဆရာ (၃) ဦးရဲ့ပုံတွေ ပါဝင်ထားပါတယ်။ စာဖတ်ပရိသတ်တွေလည်း သူငယ်ချင်းဆက်ဆံရေးကို ဖော်ပြပေးနေတဲ့ သူတို့ရဲ့ဓာတ်ပုံတွေကို ကြည့်ရှုလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။

မြန်မာနိုင်ငံက ဓာတ်ပုံဆရာ ကျော်မြင့်သန်းက ကြာကန်ထဲမှာကလေး (၂) ဦး ပျော်မြူးစွာ ဆော့ကစားနေတဲ့ပုံကို ရိုက်ကူးထားပါတယ်။ ဓာတ်ပုံရိုက်ကူးခဲ့တဲ့နေရာကတော့ မြန်မာနိုင်ငံက ကဝမြို့မှာဖြစ်ပါတယ်။ “ကျွန်တော် ကဝမြို့ကို အလည်သွားတော့ အဲဒီမြို့က ကလေးတွေအတွက် ကစားကွင်းလို့ဖြစ်နေတဲ့ ကြာကန်ကို တွေ့ခဲ့ရပါတယ်။ အရင်ဆုံး ကြာကန်က ဘယ်လောက်နက်ဆိုတာက ကြည့်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဒီဓာတ်ပုံကို ရိုက်ကူးဖို့အတွက် ကြာကန်ထဲဆင်းခဲ့ပါတယ်” လို့ ဓာတ်ပုံဆရာက ပြောပါတယ်။

နောက်ထပ်မြန်မာဓာတ်ပုံဆရာဖြစ်တဲ့ ဆွေထွန်းရိုက်ကူးထားတဲ့ပုံက ဂုန်နီအိတ်ထဲ ခြေထောက်တစ်ဖက်စီထဲပြီး ပန်းတိုင်ရောက်အောင် သွားနေကြတဲ့ ကလေး (၂) ဦးရဲ့ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုတော့ ဓာတ်ပုံဆရာက ဘားအံမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“Friendship2020” ပြိုင်ပွဲရဲ့ဆန်ကာတင်ထဲဝင်လာတဲ့ မြန်မာနိုင်ငံက ဓာတ်ပုံဆရာက နိုင်ထွန်းဝင်း (ပုဂံ) ပဲဖြစ်ပါတယ်။ သူဟာ ချင်းအမျိုးသမီး (၃) ဦးရဲ့သူငယ်ချင်းဆက်ဆံရေးကို ပေါ်လွင်အောင် ရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ နေရာက ချင်းပြည်နယ်မှာဖြစ်ပါတယ်။

Ref: The Top 48 Finalists Of Our Photography Contest Captured The Essence Of Friendship

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top