လမ်းကြောင်းစာရွက်အမှားကြောင့် မြို့မှားပြီးဆင်းသက်ခဲ့တဲ့လေယာဉ်

p2.jpg

မှားယွင်းနေတဲ့ ခရီးစဉ်လမ်းကြောင်းစာရွက်ကြောင့် ဗြိတိန်လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ ဂျာမနီနိုင်ငံ၊ ဒပ်ဆဲလ်ဒေါ့ဖ်မြို့ (Dusseldorf) မှာ ဆင်းသက်ရမဲ့အစား စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်မြို့မှာ မှားယွင်းဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ဆင်းသက်နေတုန်းမှာ “အီဒင်ဘာ့ဂ်မြို့မှ ကြိုဆိုပါ၏”လို့ ကြေညာသံကြားလိုက်ကတည်းက တစ်ခုခုတော့မှားနေပြီဆိုတာ ခရီးသည်တွေက နားလည်လိုက်ကြပါတယ်။

WDL လေကြောင်းလိုင်းဟာ ဗြိတိန်လေကြောင်းလိုင်းအတွက် စာချုပ်နဲ့ ပြေးဆွဲနေတာဖြစ်ပါတယ်။ အခုလို မြို့မှားယွင်းဆင်းသက်ခဲ့ပြီးနောက် အဲဒီလေယာဉ်က ဦးတည်ချက်ပြောင်းလဲပျံသန်းခဲ့ပြီး ဒပ်ဆဲလ်ဒေါ့မြို့မှာ ဆင်းသက်ပေးခဲ့ပါတယ်။

လေယာဉ်မှာ ဘာကြောင့် ခရီးစဉ်စာရွက်အမှားကြီး ပါရှိရတာလဲဆိုတာကို သိရှိရဖို့ WDL နဲ့အတူ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

ခရီးသည်တွေရဲ့ခရီးစဉ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တာကြောင့် တောင်းပန်နေကြောင်း၊ ခရီးသည် တစ်ယောက်ချင်းစီကို အဆက်အသွယ်လုပ်နေကြောင်း ဗြိတိန်လေကြောင်းလိုင်း က ထုတ်ပြန်ခဲ့ပါတယ်။

တနင်္ဂနွေမှာ အီဒင်ဘာ့ဂ်မြို့ကို သွားတဲ့ခရီးစဉ်က နောက်ဆုံးလေကြောင်းဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ WDL လေကြောင်းလိုင်းက တစ်ယောက်ယောက်က နောက်နေ့ခရီးစဉ်အတွက် သွားပြီးသားခရီးစဉ်စာရွက်ကို မှားယွင်းအသုံးပြုခဲ့တဲ့ပုံပါပဲ။

အဲဒီအမှားကြောင့် ခရီးသည်ဘယ်နှစ်ယောက် နစ်နာမှုရှိခဲ့လဲဆိုတာကိုတော့ ဗြိတိန်လေကြောင်းလိုင်းက ပြောပြထားခြင်းမရှိဘူးလို့ သိရပါတယ်။

Ref: “BA flight lands in Edinburgh instead of Düsseldorf by mistake”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top