အသက်ရနေပြီဖြစ်ပေမဲ့ တစ်ပတ် ၇ ရက်လုံး အလုပ်လုပ်နေဆဲ အသက် ၉၈ နှစ်အရွယ် ကုန်ထုတ်ဝန်ထမ်း

22.5.2023-yyl-2.jpg

ဂျိုး ဂရီအာဆိုသူက မေလ ၉ ရက်နေ့က အသက် ၉၈ နှစ်ပြည့်သွားခဲ့တာပါ။ သူ့ဘဝတစ်လျှောက်လုံး တစ်ပတ်ကို ၇ ရက်လုံး အလုပ်လုပ်တာကြောင့် သူ့ရဲ့ဇာတ်လမ်းက လူမှုကွန်ယက်မှာ စိတ်ဝင်စားမှုများလာခဲ့တာပါ။ ဂျိုးဟာ ရှီကာဂိုက ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့အသက်ကြီးဆုံးအချိန်ပြည့်ဝန်ထမ်းတွေထဲက တစ်ယောက်လို့ ပြောလို့ရပါတယ်။

သူက ကုန်ထုတ်ကုမ္ပဏီ Victory မှာ အလုပ်လုပ်နေတာပါ။ နေ့တိုင်း ဆုဖလားတွေနဲ့ ဆုတံဆိပ်များစွာအတွက် ပုံစံခွက်တွေကို ဖန်တီးတာပါ။ အသက် ၉၀ ကျော်တဲ့အထိ သူ ဘာလို့ တစ်ပတ် ၇ ရက်လုံး အလုပ်လုပ်တာလဲဆိုရင် ဒီအလုပ်က သူ့ကို ပျော်ရွှင်စေလို့ပါတဲ့။ အရာအားလုံးအပေါ် ကောင်းတဲ့စိတ်ထားတာက အသက်ရှည်ခြင်းရဲ့သော့ချက်ဖြစ်တယ်လို့ သူက ယူဆထားတာပါ။ သူ မြင်တွေ့ခဲ့ရတဲ့အရာအများစုကလည်း ရယ်မောစရာတွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Victory ရဲ့ဥက္ကဌ အဲရစ် ပရိုက်မန်းကလည်း ဂျိုးကို နှစ်အကြာကြီး သူ့ရဲ့အလုပ်အပေါ်စိတ်နှစ်ထားမှုနဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ချီးကျူးခဲ့ပါတယ်။ “သူက အချိန်အကြာကြီးရှိနေခဲ့တဲ့၊ ကျွန်တော်တို့တွေကို အရာအားလုံးသင်ကြားပေးခဲ့တဲ့သူတစ်ယောက်ပါပဲ”လို့ အဲရစ်က ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါအတွင်းမှာလည်း ဂျိုးက တစ်ပတ် ၇ ရက်လုံး အလုပ်လုပ်နေခဲ့တာပါ။ အဲဒီတုန်းက ဝန်ထမ်းအသစ်တွေကို သင်ကြားပေးဖို့ Victory ကုမ္ပဏီရဲ့စက်ရုံကို သွားခဲ့တာပါ။

Ref: Meet Joe Grier, The 98-Year-Old Manufacturing Employee Who Still Works 7 Days A Week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top