ကိုယ်ကျိုးမငဲ့တဲ့ လုပ်ရပ်လေးတစ်ခုကြောင့် အိမ်ယာမဲ့ဘဝမှ ပြောင်းလဲသွားခဲ့သူ

Homeless_Samaritan_Rewarded_35813-32dcf.jpg

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကိတ်မက်ကလဲ (Kate McClure) ဟာ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလ်လာဒဲဖီးယားမြို့နားမှာ ကားမောင်းနေရင်း ဆီပြတ်သွားတဲ့အတွက် ကားထိုးရပ်လိုက်ရပါတယ်။

ညဘက်ကြီးဖြစ်ပြီး လူသူမရှိတဲ့ အချိန်ဖြစ်တာကြောင့် ကိတ် တစ်ယောက်ကြောက်ရွံနေပေမဲ့ ကားဆီထည့်ဖို့က ပိုအရေးကြီးတာကြောင့် အနီးဆုံးဆီဆိုင်ကို လမ်းလျှောက်ထွက်လာရင်း သူဟာ ဘော့ဘစ် (Bobbitt) နဲ့ ဆုံခဲ့တာပါ။

ဘော့ဘစ်က ကိတ်ရဲ့ အခက်အခဲကို သိသွားတဲ့အခါမှာ ကားထဲဖို့ ပြန်ဝင်ပြီး Lock ချထားဖို့ပြောခဲ့ပြီး မိနစ်အနည်းငယ်ကြာသွားတဲ့အခါမှာ ဘော့ဘစ် တစ်ယောက် ဆီပုံးတစ်ပုံးနဲ့ ကိတ်ရဲ့ ကားဆီကိုပြန်ရောက်ခဲ့ပါတယ်။ ဘော့ဘစ်ဟာ သူ့မှာရှိတဲ့ ဒေါ်လာ ၂၀ လုံးကို အကုန်သုံးပြီး ဆီဝယ်လာခဲ့တာပါ။ ဆီပုံးကို ကိတ် အားပေးပြီးတဲ့အခါမှာ ဘော့ဘစ်ဟာ ဆီဖိုးကိုလည်း ပြန်မတောင်းခဲ့ပါဘူး။ ကိတ်မှာလည်း အလိုက်တသိ ပြန်ပေးစရာ ပိုက်ဆံလည်း တစ်ပြားမှ မပါလာခဲ့ပါဘူး။ အဲ့ဒါနဲ့ ကိတ်က ဘော့ဘစ်ကို ကျေးဇူးတင်စကားပြောရင်း ကားမောင်းပြန်လာခဲ့ပါတယ်။

နောက်နှစ်ပတ်လောက်ကြာသွားတဲ့အခါမှာ ကိတ်က ဘော့ဘစ်ကိုတွေ့တိုင်း အင်္ကျီတွေ၊ ဦးထုတ်တွေနဲ့ ပိုက်ဆံအနည်းငယ်ကို ပြန်တွေ့တိုင်း ပေးလေ့ရှိပေမဲ့ ဘော့ဘစ်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ လုပ်ရပ်လေးက သူမစိတ်ထဲ အမြဲအမှတ်ရနေခဲ့ပါတယ်။ ဒါ့ကြောင့် ကိတ်ရယ်၊ သူမရဲ့ ရည်းစားတို့ဟာ ဘော့ဘစ်အတွက် အလှူငွေ ကောက်ပေးတဲ့ GoFundMe ဆိုတဲ့ Page လေးတစ်ခုထောင်ပေးခဲ့ပါတယ်။

ဘော့ဘစ်က ကိတ်ကို ကူညီခဲ့တဲ့အကြောင်းဟာ နောက်ပိုင်းမှာ ဖီလ်လာဒဲဖီးယားမြို့ သတင်းစာက ဖော်ပြခဲ့တဲ့အတွက် လူသိများခဲ့ပြီး GoFundMe မှာလည်း အလှူငွေ ဒေါ်လာ ၃ သိန်းအထိ ရရှိခဲ့ပါတယ်။

ဘော့ ရဲ့ GoFundMe Page အတွက် လူပေါင်း ၁ သိန်းကျော်အထိ အလှူငွေ ထည့်ခဲ့ကြပြီး ကိတ်ကတော့ “ကျွန်မတို့အားလုံး သူ့ကိုလုံလုံခြုံခြုံနဲ့ သာမန်လူတစ်ယောက် ဘဝကို ပြန်ရောက်စေချင်ကြတာပါ။ ဖီလ်လာဒဲဖီးယား ကလူတွေက တကယ်စေတနာကောင်းကြပါတယ်။ ကျွန်မတို့ ပထမဆုံးအလှူငွေရတုန်းကလည်း ရက်ရက်ရောရောလှူဒါန်းတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။” လို့ကိတ်က CNN ကို ပြီးခဲ့တဲ့ကြာသာပတေးနေ့က ပြောဆိုခဲ့ပါတယ်။

ဘော့ဟာ မြောက်ကယ်ရိုလိုင်းနား ဇာတိဖြစ်ပြီး ဆေးဘက်အကူနဲ့ မီးသတ်သမားဟောင်းတစ်ဦးဖြစ်ကာ အခုချိန်မှာတော့ ကိတ်တို့စုံတွဲ ကမကထ ပြုလုပ်ပြီး အလှူခံပေးခဲ့တဲ့ ငွေတွေကြောင့် အိမ်ယာမဲ့ဘဝမှ သာမန်လူတစ်ယောက်အဖြစ်သို့ အိမ်နဲ့ယာနဲ့ နေထိုင်နိုင်တဲ့ အခွင့်အရေးရသွားခဲ့ပြီ ဖြစ်ပါတယ်။

Ref : CNN News : Couple raises thousands for homeless veteran

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top