ဆောင်ဂျွန်ကီ ပါဝင်တဲ့ The Battleship Island ရုပ်ရှင် ရဲ့ အံ့မခန်းအောင်မြင်မှု

son.jpg

ကိုးရီးယားမင်းသား ဆောင်ဂျွန်ကီ (Song Joong Ki) အတွက်တော့ ကံကောင်းခြင်းတွေက မရပ်တန့်နိုင်သေးဘူးထင်ပါတယ်။

သူနဲ့ ဆောင်းဟေဂို (အွန်စော) တို့ရဲ့ မင်္ဂလာပွဲသတင်း ထွက်လာပြီးတဲ့ နောက်မှာ နောက်ထပ် သူ့အတွက် ကံကောင်းခြင်းတစ်ခု ထပ်ကြားရပြန်ပါပြီ။

ဆောင်ဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားတဲ့ The Battleship Island  ရုပ်ရှင်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ပထမဆုံး ရုံတင်ခဲ့ပြီး အဲ့ဒီရုပ်ရှင်ဟာ box office မှာ နံပတ်တစ်ဖြစ်ရုံသာမက ကိုးရီးယားရုပ်ရှင်သမိုင်းတစ်လျှောက် အဖွင့်နေ့မှာ ဝင်ငွေ အများဆုံး ရရှိတဲ့ ရုပ်ရှင်ဖြစ်သွားခဲ့ပါပြီ။

The Battleship Island  ရုပ်ရှင်ရုံတင်တဲ့ ပထမဆုံးပွဲမှာ ရုပ်ရှင်ကြည့်သူပေါင်း ၉၇၀၀၀၀ ရှိခဲ့ပြီး ကိုးရီးယား ရုပ်ရှင်သမိုင်းမှာတော့ အအောင်မြင်ဆုံး ရုပ်ရှင်ပထမဆုံးပွဲပဲ ဖြစ်ပါတယ်။ The Battleship Island  ရုပ်ရှင်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နယ်ချဲ့လက်အောက် ချွေးတပ်စခန်းကနေ လွတ်မြောက်ဖို့ စွန့်စွန့်စားစား ကြိုးစားခဲ့ကြတဲ့ အကျဉ်းကျခံ အလုပ်သမား ၄၀၀ ကျော် အကြောင်း ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အခု ရုပ်ရှင်မတိုင်ခင်မှာတော့ မနှစ်က အရမ်းအောင်မြင်ခဲ့တဲ့ Train to Busan ရုပ်ရှင်နဲ့ လတ်တလော ရုံတင်ပြသသွားတဲ့ The Mummy ရုပ်ရှင်တို့က ရုပ်ရှင်ပထဆုံးပွဲမှာ အအောင်မြင်ဆုံး ရုပ်ရှင်တွေဖြစ်နေခဲ့တာပါ။ အခုအချိန်မှာတော့ ဆောင်ဂျွန်ကီက အဲ့ဒီရလဒ်ကို ကျော်တက်ခဲ့ပါပြီ။ နောက်လာမယ့် နှစ်ရက်အတွင်းမှာလည်း The Battleship Island  ရုပ်ရှင်ဟာ တခြား အောင်မြင်မှုတွေကို ကျော်လွန်ပြီး ထိပ်ဆုံး မှာ ဆက်ရှိနေဦးမှာ အသေအချာပါပဲ။

Ref: Dramafever: Song Joong Ki’s new movie broke opening day records with biggest premiere audience in Korean history

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top