ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ Twilight Saga သရုပ်ဆောင် တေလာ လော့တ်နာ

girl1.jpg

Twilight Saga ဇာတ်ကားထဲမှာ ဝံပုလွေလူသား Jacob Black အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား တေလာ လော့တ်နာက သမီးဦးလေးရဲ့ဖခင်ဖြစ်သွားပါပြီ။ သူနဲ့ သူ့ဇနီး တေ ဒိုမီ လော့တ်နာတို့ဟာ ပထမဆုံးအကြိမ်အဖြစ် မိဘတွေဖြစ်လာတော့မယ်ဆိုတာကို မတ်လက ကြေညာခဲ့တာပါ။ ဇွန်လမှာတော့ သူတို့ရဲ့ရင်သွေးလေးက သမီးလေးဖြစ်တယ်ဆိုတာကို ထုတ်ပြောကြားခဲ့ပါတယ်။

အခုဆို သမီးဦးလေးကို မွေးဖွားလိုက်တာ ၁ ပတ်ရှိပါပြီ။ တေလာက သမီးဦးလေးရဲ့နာမည်ကိုဖော်ပြရင်း အင်စတာဂရမ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က ပို့စ်တင်ခဲ့တာပါ။ “ချစ်စရာကောင်းတဲ့သမီးလေး လန်နီ (လန်နွန် တေလာ လော့တ်နာ) နဲ့အတူ အချိန်ကုန်ဆုံးခဲ့ရတာ တစ်ပတ်တာကာ (မွေးဖွားရက် ၁၆-၉-၂၀၂၆)”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အနုပညာတော်တော်များများကလည်း သူတို့ရဲ့ပို့စ်မှာ ဂုဏ်ပြုစကားတွေပြောဆိုခဲ့ကြပါတယ်။ Twilight သရုပ်တောင်ဖြစ်တဲ့ နစ်ခီ ရိဒ်က “ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေပါပြီ။ နှစ်ယောက်စလုံး ဂုဏ်ပြုပါတယ်။ မင်းတို့အတွက် အရမ်းပျော်မိတယ်။ ဘေဘီလန်နီလေး….အန်တီနစ်က ပွေ့ဖက်နမ်းရှုပ်ချင်နေပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ Twilight Saga တရားဝင်ပေ့ချ်ကလည်း ဂုဏ်ယူပါတယ်ဆိုတဲ့ စာသားကို မှတ်ချက်ပြုခဲ့ပါတယ်။

မင်းသား တေလာ လော့တ်နာက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ လက်ထပ်ခဲ့တာပါ။

Ref: Twilight Saga’s Taylor Lautner becomes a dad

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top