မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ၆၈ နှစ်ကြာ စစ်ပွဲကို အပြီးသတ်ရန်ရှိ

thXSR2WEO9.jpg

မြောက်ကိုရီးယားအာဏာရှင် ကင်မ်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ နှစ်နိုင်ငံကြား ရှိနေတဲ့ စစ်ကို အဆုံးသတ်နိုင်ဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။ အဲဒီ ၁၉၅၀-၁၉၅၃ ကိုရီးယား ပဋိပက္ခဟာ အပစ်အခတ် ရပ်စဲရေးလောက်သာ ဖြစ်ခဲ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဟုတ်ခဲ့ဘဲ နည်းပညာပိုင်း စစ်ပွဲတွေရှိနေခဲ့တာပါ။

တောင်ကိုရီးယား မီဒီယာတွေကတော့ နှစ်ဖက်စလုံးက စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးမယ့် အစီအစဉ်တွေ ပြုလုပ်နေကြပြီး ထိပ်သီးအစည်းအဝေးမှာ စစ်ပွဲကို အမြဲတမ်း အဆုံးသတ်သွားဖို့အတွက် ဆွေးနွေးလိမ့်မယ်လို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်နေ့မှာ တောင်ကိုရီးယားပိုင်နက်အတွင်းမှာပဲ သမိုင်းဝင်မယ့် ထိပ်သီးဆွေးနွေးပွဲအဖြစ် တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံဖို့ ကင်မ်ဂျုံအန်းက စီစဉ်ထားပါတယ်။ သူဟာ ၁၉၅၀ ခုနှစ်ကတည်းက အခုချိန်အထိအတွင်းမှာ တောင်ကိုရီးယားမြေပေါ်မှာ လာရောက်ဆွေးနွေးတဲ့ ပထမဦးဆုံး မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာဖို့လည်း ရှိနေပါတယ်။

အဆိုပါ ကိုရီးယား ခေါင်းဆောင်နှစ်ဦးဟာ သူတို့ရဲ့ စစ်ဖြစ်နေရတဲ့ ကိစ္စတွေ အပြီးသတ်ဖို့ ဆွေးနွေးကြလိမ့်မယ်လို့ သတင်းစာတွေက ဆိုပြီး အမေရိကန်ရဲ့ ယုံကြည်ခြင်းကိုခံခဲ့ရမယ်ဆိုရင် ကင်မ်ဂျုံအန်းဟာ လာမယ့် မေလ သို့ ဇွန်လအစောပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်အရာရှိတွေကတော့ သံတမန်ရေးရာအရ ရုတ်တရက် အားထုတ်မှုတွေ အပေါ်မှာတော့ သံသယဖြစ်နေကြပါသေးတယ်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံတကာညွှန်ကြားမှုဦးစီးဌာနမှ အကြီးအကဲတစ်ဦး ဖြစ်သူ ဆောင်တေးအိုက ကိုရီးယားငြိမ်းချမ်းရေးများအတွက် အဆင်သင့်ပါပဲလို့ ပြောဆိုခဲ့ကာ ပြီးခဲ့တဲ့အပတ်က ပြည်နယ်အတွင်းရေးမှုးအဖြစ် လျာထားခြင်း ခံထားရတဲ့ စီအိုင်အေဒါရိုက်တာ မိုက်ပွန်ပီအိုကတော့ နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန်မလှည့်သေးဘူး ဆိုရင်တော့ မြောက်ကိုယီးယားအနေနဲ့ ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေကို မျှော်လင့်မထားသင့်ဘူးလို့ ဆိုထားပါတယ်။

ကင်မ်ဂျုံအန်းဟာ ပြီးခဲ့တဲ့အပတ်အတွင်း ဇနီးဖြစ်တဲ့ ရီဆိုဂျူ နှင့်အတူ အဘိုးဖြစ်သူကင်အီဆွန်းရဲ့ မွေးနေ့အဖြစ် မြောက်ကိုရီးယား ပြုံယမ်းမှာရှိတဲ့ ဂရန်းန် ပြဇာတ်ရုံမှာ တရုတ်အနုပညာအဖွဲ့ရဲ့ ဘဲလေးအက ” နေမင်း၏နေ့ ” က ပြဖျော်ဖြေမှုကို ကြည့်ရှုခဲ့ပါသေးတယ်။ ဒါဟာ အရင်နှစ်တွေနဲ့မတူဘဲ နှစ်စဉ်အထိမ်းအမှတ်ပွဲများ ကျင်းပလေ့ရှိတိုင်း အာဏာရှင်စနစ်နဲ့ ဆက်စပ်ဒုံးကျည်ကိုပြသတဲ့ စစ်တပ်က စစ်ရေးပြ မပါဝင်ခဲ့မှုဖြစ်ပြီး ကပွဲတွေ မီးရှူးမီးပန်းတေဆွ အားကစားအစီအစဉ်များနဲ့ပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကင်မ်နဲ့ သူ့ရဲ့ဇနီးတို့ဟာ အကအဖွဲ့ရဲ့ဖျော်ဖြေမှုကို တရုတ်ကွန်မြူနစ်ပါတီရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးရုံးဌာနမှ ဆောင်တေးအိုနဲ့ အတူရယ်မောကာ ကြည့်ရှုခဲ့ပြီး တနင်္ဂနွေနေ့က အစည်းအဝေးမှာ ပုဂ္ဂိုလ်ရေးအရ တရုတ်သမ္မတ ရှီကျင်းပင်ကို လေးစားတယ်လို့ ပြောဆိုခဲ့ကာ သူတို့ရဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်စေခဲ့ပါတယ်။

Ref : dailymail.co.uk

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top