3.4.24-yyl-18.jpg

ဥပဒေပါ ထုတ်ထားရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးမှို

ဂျပန်နိုင်ငံမှ ထင်းရှူးမှို (matsutake mushroom)ဟာ ကမ္ဘာ့ဈေးအကြီးဆုံးမှိုဖြစ်ပြီး တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၅၀၀ အထိ ပေးရလေ့ရှိပါတယ်။ ထင်းရှူးမှိုတွေကို ကိုရီးယားကျွန်းဆွယ်၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေမှာလည်း စိုက်ပျိုးလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံ (အထူးသဖြင့် ကျိုတိုမြို့တစ်ဝိုက်မှာ) စိုက်ပျိုးတဲ့…

3.4.24-yyl-5.jpg

တရုတ်ကားကုမ္ပဏီ Geely Auto က ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ကားကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ကားဟာ ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတွေလို ရေခဲပြင်မှာ drift ဆွဲနိုင်တယ်ဆိုတာ Weibo လူမှုကွန်ရက်ပေါ် တင်ထားတဲ့ စမ်းသပ်မောင်းနှင်မှု ဗီဒီယိုမှာ ပြသထားပါတယ်။

ဒါဟာ မောင်းသူမဲ့နည်းပညာ သိသိသာသာ တိုးတက်လာတာဖြစ်သလို Geely Auto ကုမ္ပဏီကလည်း ဉာဏ်ရည်တုနည်းပညာကို မောင်းသူမဲ့စနစ်မှာ ကောင်းမွန်စွာ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့တာပါ။ Ref: China reveals world’s first AI-powered driverless drifting car…

29.3.24-yyl-3.jpg

ဆော်ဒီအာရေဗျမှာ တည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်

ဂျပန်စီးရီး Dragon Ball ရဲ့ ပရိသတ်တွေက အခုဆို စီးရီးထဲက အကြိုက်ဆုံးစွန့်စားခန်းတွေကို လူကိုယ်တိုင်တွေ့ကြုံခံစားနိုင်တော့မှာပါ။ ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်ကို ဆော်ဒီအာရေဗျမှာ တည်ဆောက်တော့မှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Qiddiya ရဲ့အကြီးမားဆုံးခရီးသွားလုပ်ငန်းပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီအပန်းဖြေဥယျာဉ်က မြေဧရိယာစတုရန်းမီတာ…

29.3.24-yyl-2.jpg

၆ မိနစ်နီးပါးကြာ ပါးစပ်ထဲကနေ ရေ ဆက်တိုက်လွှတ်ထုတ်ပြခဲ့ပြီး ဂင်းနက်စ်စံချိန်သစ် တင်

တရုတ်အမျိုးသားတစ်ဦးဟာ ပါးစပ်ထဲကနေ ၆ မိနစ်နီးပါးကြာ ရေကို ဆက်တိုက် လွှတ်ထုတ်ပြနိုင်ခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ပါးစပ်ထဲကနေ ရေ ပန်းထုတ်ပြနိုင်တာ ၁၇ ရာစုကတည်းက ခေတ်စားလာတဲ့ လှည့်ကွက်တစ်ခုဖြစ်ပါတယ်။ ရေအများကြီး သောက်ထားပြီး ကြွက်သားထိန်းချုပ်မှုနဲ့အတူ ပါးစပ်ထဲကနေ…

26.3.24-yyl-7.jpg

ကန်ဒေါ်လာ ၄ သန်းတန်တဲ့ ကမ္ဘာ့စျေးအကြီးဆုံးနွား

ပုံမှာ မြင်ရတာကတော့ ကမ္ဘာ့ဈေးအကြီးဆုံးနွားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ လေလံအောင်ခဲ့တာပါ။ တောက်ပတဲ့ အဖြူရောင်အမွေးရှိပြီး မာ​ကျောတဲ့အရေပြား၊ ထင်ရှားတဲ့ ဘို့ကြောင့် နီလိုရီနွားမျိုးစိတ်က တမူထူးခြားပါတယ်။ အိန္ဒိယမျိုးရင်းဖြစ်ပြီး အန်ဒရာပရာဒက်ရှိပြည်နယ်၊ နီလိုရီခရိုင်မှာ ကျက်စားလေ့ရှိတဲ့ မျိုးစိတ်ဖြစ်လို့ နီလိုရီနွားမျိုးစိတ်လို့…

25.3.24-yyl-10.jpg

ဒူဘိုင်းကုမ္ပဏီတစ်ခုက အသုံးပြုပြီးသား ဟင်းချက်ဆီတွေကို ပြန်ဝယ်ပြီး ဇီဝဒီဇယ်ဆီထုတ်လုပ်

ဒူဘိုင်းအခြေစိုက် Lootah Biofuels ကုမ္ပဏီက အသုံးပြုပြီးသား ဟင်းချက်ဆီတွေကို ပြန်ဝယ်ပြီး ဇီဝဒီဇယ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အသုံးပြုပြီးသား ဟင်းချက်ဆီကနေ ပြန်လည်ထုတ်လုပ်တဲ့ ဇီဝဒီဇယ်ဟာ ဈေးသက်သာသလို ပြည့်ဖြိုးမြဲရင်းမြစ်လည်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။…

25.3.24-yyl-2.jpg

သတ္တုရှာဖွေရေးကိရိယာအဟောင်းသုံးပြီး အင်္ဂလန်သမိုင်းမှာ အကြီးမားဆုံး ရွှေအရိုင်းတုံး ရှာဖွေတွေ့ရှိခဲ့သူ

ဟောင်းနွမ်းနေတဲ့ သတ္တုရှာဖွေရေးကိရိယာ အသုံးပြုပြီး ရတနာရှာဖွေခဲ့သူတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ရွှေအရိုင်းတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရစ်ချက်ဘရွန်ဟာ သူ့အိမ် တည်ရှိရာ ဆွန်မာဆက်ကောင်တီကနေ ၃ နာရီခွဲ ကွာဝေးတဲ့ လယ်တောတစ်ခုထဲမှ ရတနာရှာဖွေရေးအစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ သူဟာ ရတနာရှာဖွေမှုလုပ်ဖို့…

22.3.24-yyl-2.jpg

ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို ဦးနှောက်ထဲထည့်သွင်းထားတဲ့ ပထမဆုံးလူနာက သူ့စိတ်နဲ့ Video Gameတွေကစားနိုင်ပြီ

အီလွန်မာ့စ်ထည်ထောင်ထားတဲ့ Neuralink ရဲ့ ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို ဦးနှောက်ထဲ ထည့်သွင်းထားတဲ့ ပထမဆုံးလူနာဟာ ခွဲစိတ်ကုသမှုခံယူပြီး ၂ လနီးပါးအကြာမှာ သူ့ရဲ့အတွေ့အကြုံတွေကို ချပြနေပါတယ်။ နိုလန် အာဘော့ချ်ကို ဦးနှောက်အတွင်း ကွန်ပြူတာနဲ့…

21.3.24-yyl-6.jpg

၁၈ လက်မအထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးမျှော့မျိုးစိတ်

ပုံမှာ မြင်ရတာကတော့ ၁၈ လက်မလောက်အထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး မျှော့မျိုးစိတ်ဖြစ်ပြီး အမေဇုန်မျှော့ကြီးမျိုးစိတ်(Amazonian Giant Leech)လို့ အမည်ပေးထားပါတယ်။ ဒီမျှော့မျိုးစိတ်ကို ပြင်သစ်နိုင်ငံပိုင် ဂူယာနာကျွန်းနဲ့ ဘရာဇီးနိုင်ငံမှ နေရာတချို့မှာပဲ တွေ့ရနိုင်ပါတယ်။ အီတလီနိုင်ငံသား သဘာဝပတ်ဝန်းကျင်သမား ဂီလီယာနီက…

20.3.24-yyl-7.jpg

မြစ်ထဲမှာ သတ္တုရှာရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်းဓားတစ်ချောင်း တွေ့ရှိ

ဗြိတိန်နိုင်ငံမှ သတ္တုရှာဖွေရေးသမားတစ်ဦးဟာ မြစ်ထဲမှာ သတ္တုရှာဖွေရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်း(Viking) ဓားတစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။ ထရီဗာပန်နီနဲ့ သူငယ်ချင်းတစ်ဦးဟာ အောက်စဖို့ဒ်ရှိုင်းယားကောင်တီရဲ့ မြစ်ထဲမှာ သံလိုက်ဆွဲပြီး သတ္တုရှာဖွေနေတုန်း သံချေးတက်နေတဲ့ ဓားတစ်ချောင်း တွေ့ခဲ့တာပါ။ ဒီဓားရဲ့…