၂၀ ရာစုရဲ့ ကြောက်စရာ အကောင်းဆုံး ရောဂါဆိုးတွေကို တိုက်ဖျက်ပေးခဲ့သူ မောရစ်ဟေးလ်မန်း

vius.jpg

အခုခေတ် ကလေးတွေ ထိုးနေရတဲ့ ကာကွယ်ဆေး ၁၄ မျိုးထဲမှာ ၈ မျိုးကို တီထွင်ခဲ့သူ၊ သူတီထွင်ခဲ့တဲ့ ကာကွယ်ဆေးတွေအတွက် မူပိုင်ခွင့်တစ်ပြားမှ မယူခဲ့သူ၊ အဲဒီသူကတော့ မောရစ်ဟေးလ်မန်း (Maurice Hilleman) ပါပဲ။ သူဟာ ၂၀ ရာစုရဲ့ ကြောက်စရာ အကောင်းဆုံး ရောဂါဆိုးတွေကို တိုက်ဖျက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဟေးလ်မန်းက ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရသူပါ။ ၁၉၁၉ ခုနှစ် မွန်တားနားက လယ်တောအိမ်မှာ သူ့ကို မွေးတယ်။ မွေးချင်းအမွှာညီမလေးက မွေးမွေးချင်း ဆုံးသွားပြီး သူ့အမေလည်း နောက်နှစ်ရက်မှာ ကွယ်လွန်သွားလို့ ဦးလေးနဲ့ အဒေါ် လက်ထဲမှာ ကြီးပြင်းခဲ့ရတာပါ။ သူ့ရဲ့ မွေးရပ်မြေက ဝေးလံခေါင်သီပြီး အနီးဆုံး ဆေးရုံကို သွားဖို့တောင် ရထားစီးရတယ်။

ဆောင်းတွင်းရောက်ရင် ကလေးတွေ လည်ချောင်းနာ (Diphtheria) ဖြစ်ပြီး အသက်ရှူကျပ် သေကုန်ကြတာကို မိဘတွေက ဘာမှ မတတ်နိုင်လို့ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေမျိုး။ အဲဒီတုန်းက ဆရာဝန်တွေမှာ အရက်ရယ်၊ ရေအေးဝတ်ရယ်၊ ပြီးတော့ နှစ်သိမ့်စကားရယ်ပဲ ရှိတာလို့ ဆိုရမယ်။

” သေခြင်းတရားဟာ သူ ငယ်ငယ်လေးကတည်းက ရင်းနှီးပြီးသား သင်ခန်းစာ” ဖြစ်လို့ သဘာဝတရားဆိုတာ အလှကြည့်ဖို့ထက် ‘ပြင်ရမယ့် စက်ယန္တရား’ လို့ သူ မြင်လာတယ်။ ကြက်ခြံထဲမှာ ကြက်တွေဖျားတာကိုကြည့်ပြီး ရောဂါပျံ့ပုံကို သူ လေ့လာခဲ့တယ်။ ( နောက်အနှစ် ၅၀ ကြာတော့ အဲဒီ မွန်တားနားက ကြက်ဥတွေဟာ သူ့ဓာတ်ခွဲခန်းရဲ့ အသက်သွေးကြော ဖြစ်လာတာပေါ့။) ချီကာဂိုတက္ကသိုလ်မှာ ပညာသင်ဆုရပြီး အဏုမြူပိုးမွှားဘာသာရပ်ကို သူ လေ့လာခဲ့တယ်။

၁၉၅၇ ခုနှစ်၊ ဝေါလ်တာရိဒ် စစ်သုတေသနဌာနမှာ သူ အလုပ်လုပ်နေတုန်း ဟောင်ကောင်မှာ တုပ်ကွေးရောဂါ (Asian Flu) တွေ ဆိုးဆိုးရွားရွား ဖြစ်နေတာကို သတင်းစာထဲမှာ သူဖတ်လိုက်ရတယ်။

အမြော်အမြင်ရှိတဲ့ ဟေးလ်မန်းက (ဂျပန်မှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ သုတေသနအရာရှိထံကနေ) ရောဂါပိုးရှိတဲ့ တံတွေးနမူနာကို မှာယူပြီး စစ်ဆေးကြည့်တော့ အမေရိကန်လူထုမှာ ဒီပိုးကို ခုခံနိုင်တဲ့ ပဋိပစ္စည်း (Antibodies) လုံးဝမရှိတာ သူ တွေ့သွားတယ်။ သင်္ဘောခရီးစဉ် ကြာမြင့်မှုကို တွက်ကြည့်လိုက်တော့ စက်တင်ဘာ ပထမပတ်မှာ အမေရိကန်ကို ရောဂါပိုးရောက်မယ်လို့ သူ တွက်ချက်လိုက်တယ်။ စစ်သုတေသနဌာနကတော့ သူ့ကို ” အစိုးရိမ်လွန်နေတာ”လို့ တုံ့ပြန်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း သူ့တွက်ချက်မှုကို ပယ်ချတယ်။

ဒါပေမဲ့ သူကတော့ ဂရုမစိုက်ဘူး။ အစိုးရရဲ့ ရုံးလုပ်ငန်းစနစ်ကို ကျော်ဖြတ်ပြီး ဆေးကုမ္ပဏီကြီး ၆ ခုကို တိုက်ရိုက်ဆက်သွယ်တယ်။ အေးခဲထားတဲ့ ဗိုင်းရပ်စ်နမူနာတွေ ပေးပို့ခဲ့ပြီး “ရှိတဲ့ဆေးတွေ ထုတ်တာရပ်၊ ဒီတုပ်ကွေးကာကွယ်ဆေးကို အခုချက်ချင်း ထုတ်တော့” လို့ အကြောင်းကြားတယ်။။ ကြက်ခြံပိုင်ရှင်တွေကိုလည်း ” ကြက်တွေကို မသတ်ပါနဲ့ဦး၊ ကာကွယ်ဆေးအတွက် ကြက်ဥသန်းပေါင်းများစွာ လိုလိမ့်မယ်” လို့ ကြိုပြောခဲ့တယ်။

သူပြောသလိုပဲ စက်တင်ဘာမှာ အမေရိကန်နိုင်ငံထံ တုပ်ကွေးရောဂါ ပျံ့နှံ့လာခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဇွတ်တရွတ်လုပ်ရပ်ကြောင့် ကာကွယ်ဆေး သန်း ၄၀ က အဆင်သင့်ဖြစ်နေပြီ။ အဲဒီတုန်းက လူ ၇ သောင်းသေခဲ့ပေမဲ့ သူသာ မလုပ်ခဲ့ရင် လူပေါင်း ၁ သန်းလောက် သေသွားနိုင်တယ်လို့ ကျန်းမာရေးမှတ်တမ်းတွေက ဆိုတယ်။

၁၉၆၃ ခုနှစ် မတ်လရဲ့ ညသန်းခေါင်မှာ သူ့သမီးကြီး ဂျရီလင်း (Jeryl Lynn) တစ်ယောက် ပါးချိတ်ရောင်ရောဂါ (Mumps) နဲ့ နိုးလာတယ်။ သူက ဓာတ်ခွဲခန်းသွား၊ ဂွမ်းစယူပြီး သမီးရဲ့ လည်ချောင်းထဲက ပိုးကိုတို့ယူကာ ဓာတ်ခွဲခန်းထဲက ရေခဲသေတ္တာထဲ သွားထည့်လိုက်တယ်။

အဲဒီနောက်မှာတော့ ကြက်သန္ဓေသားဆဲလ်တွေထဲမှာ ဒီဗိုင်းရပ်စ်ကို အကြိမ်ကြိမ် အဖန်ဖန် ဖြတ်သန်းစေပြီး လူကို ရောဂါမပေးနိုင်လောက်တဲ့အထိ အားပျော့သွားအောင် လုပ်တော့တာပဲ။ ၁၂ ကြိမ်… ၁၅ ကြိမ်… ၁၇ ကြိမ်မြောက်မှာတော့ အားပျော့သွားတာ တွေ့လိုက်ရတယ်။

ဒီကာကွယ်ဆေးကို သူ ဘယ်သူ့ပေါ်မှာ အရင်ဆုံး စမ်းသပ်သလဲဆိုတော့ သူ့ရဲ့ သမီးအငယ်ဆုံးလေး ကာစတင် (Kirsten) ကိုပါပဲ။ သမီးလေးမှာ ရောဂါမဖြစ်ဘဲ ခုခံအားတွေ တက်လာခဲ့တယ်။ အခုထိ ကျွန်တော်တို့ ကလေးတွေ ထိုးနေရတဲ့ MMR (ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန်ဝက်သက်) ဆေးထဲက ပါးချိတ်ရောင် ကာကွယ်ဆေးဆိုတာ အဲဒီတုန်းက သူ့သမီးကြီး လည်ချောင်းထဲက ယူခဲ့တဲ့ မျိုးဗီဇအတိုင်းပါပဲ။

သူ့ဘဝတစ်လျှောက်မှာ အသည်းရောင် အသားဝါ (B)၊ ရေကျောက်၊ ဦးနှောက်အမြှေးရောင်ရောဂါ စတဲ့ ကာကွယ်ဆေးပေါင်း ၄၀ ကျော်ကို တီထွင်ခဲ့တယ်။ ဒါပေမဲ့ သူက သူ့ရဲ့တီထွင်မှုတွေအတွက် မူပိုင်ခွင့် မယူခဲ့ပါဘူး။ သာမန်လစာနဲ့ပဲ တစ်သက်လုံး နေသွားခဲ့တယ်၊ အင်တာဗျူးတွေလည်း သိပ်မဖြေသလို နာမည်ကြီးဖို့လည်း စိတ်မဝင်စားခဲ့ဘူး။ ဒါကြောင့်လည်း သူ့နာမည်ကို လူတွေ မေ့လျှော့နေခဲ့ကြတာ ဖြစ်မှာပါ။

သူ့ရဲ့ တီထွင်မှုတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူ့အသက် ၈ သန်းကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ တွက်ဆမှုတစ်ရပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၀၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာတော့ အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့မှာ မောရစ်ဟေးလ်မန်း ကွယ်လွန်ခဲ့ပါတယ်။

Ref: အခုခေတ် ကလေးတွေ ထိုးနေရတဲ့ ကာကွယ်ဆေး ၁၄ မျိုးထဲမှာ ၈ မျိုးကို တီထွင်ခဲ့သူ၊ သူတီထွင်ခဲ့တဲ့ ကာကွယ်ဆေးတွေအတွက် မူပိုင်ခွင့်တစ်ပြားမှ မယူခဲ့သူ၊ အဲဒီသူကတော့ မောရစ်ဟေးလ်မန်း (Maurice Hilleman) ပါပဲ။ သူဟာ ၂၀ ရာစုရဲ့ ကြောက်စရာ အကောင်းဆုံး ရောဂါဆိုးတွေကို တိုက်ဖျက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Ref: Maurice Hilleman

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top