ညဉ့်နက်တဲ့အထိ စာ လေ့လာလေ့ရှိတဲ့ ဂျော့ဒန်းဇစ်ဟာ တစ်ရက်မှာတော့ အိပ်ယာထ နောက်ကျသွားပြီး အတန်းချိန် မိနစ် ၂၀ နောက်ကျသွားခဲ့ပါတယ်။ အဲဒီအတွက် ကျောက်သင်ပုန်းပေါ်မှာ သင်္ချာပါမောက္ခ နေမန် ရေးထားတဲ့ ပုစ္ဆာ ၂ ပုဒ်ကို အိမ်စာလို့ သဘောထားပြီး စာအုပ်ထဲ ကူးရေးခဲ့ပါတယ်။
အိမ်ရောက်တော့ သူက ဒီပုစ္ဆာတွေကို တွက်ချက်အဖြေထုတ်ပြီး ရက်အနည်းငယ်ကြာတော့ ပါမောက္ခရဲ့ စားပွဲပေါ်မှာ အိမ်စာ သွားထပ်ထားခဲ့ပါတယ်။ တကယ်တော့ အဲဒီပုစ္ဆာ ၂ ပုဒ်ဟာ ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ နာမည်ကျော် သင်္ချာပုစ္ဆာတွေမှန်း ဂျော့ဒန်းဇစ် မသိခဲ့ပါဘူး။
” တကယ်လို့ အဲဒီပုစ္ဆာ ၂ ပုဒ်က အိမ်စာ မဟုတ်ဘူး၊ စာရင်းအင်း ပညာရပ်မှာ မဖြေရှင်းနိုင်သေးတဲ့ နာမည်ကျော် ပုစ္ဆာတွေမှန်းသာ သိရင် ပေါ့ပေါ့ပါးပါးတွေးပြီး တွက်ချက်အဖြေရှာဖို့ ကြိုးစားမိမှာ မဟုတ်ဘူး”လို့ ဂျော့ဒန်းဇစ်က ဆိုပါတယ်။
အမေရိကန် သင်္ချာပညာရှင် ဂျော့ဒန်းဇစ်ဟာ linear programming ပြဿနာတွေကို တွက်ချက်အဖြေရှာတဲ့ အယ်လ်ဂိုရစ်သမ်စနစ်ကို ဖန်တီးခဲ့တာကြောင့် ထင်ပေါ်ကျော်ကြားသူဖြစ်ပြီး ၂၀၀၅ ခုနှစ် မေလ ၁၃ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
Ref: George Dantzig
NZ ( ရိုးရာလေး)

