ကလေးတွေအတွက် တကယ့်လက်တွေ့ဘဝက ဆန်တာကလော့ဘိုးဘိုး

yyl-011-8.jpg

ကလေးတော်တော်များများဟာ ဆန်တာကလော့ကများ လက်ဆောင်တွေ အိမ်ရှေ့လာချပေးမလားဆိုပြီး ခရစ်စမတ်အချိန်အခါ မနက်ခင်းကို စောင့်ဆိုင်းနေကြတာပါ။ ခရစ်စမတ်အချိန်အခါမှာ ဘာလက်ဆောင်မှ မရတဲ့ကလေးတွေလည်း ရှိပါတယ်။ ဝင်ငွေရဖို့ ရုန်းကန်နေကြရတဲ့ မိသားစုတွေက ခရစ်စမတ်သစ်ပင်အောက်မှာ လက်ဆောင်ထားဖို့ အမြဲတမ်းတော့ မတတ်နိုင်ကြပါဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ခရစ်စမတ်အချိန်အခါမှာ လိုအပ်နေတဲ့ မိသားစုတွေကို ကူညီပေးချင်ကြတဲ့ အကြင်နာတရားပြည့်ဝတဲ့ လူတော်တော်များရှိနေပါတယ်။ အဲဒီလူတွေထဲမှာ အသက် (၈၀) အရွယ် စစ်မှုထမ်းဟောင်းအဘိုးလည်း အပါအဝင်ပါပဲ။ အဲဒီအဘိုးက ကလေးတွေအတွက် လက်တွေ့ဘဝမှာ တကယ်ရှိနေတဲ့ ဆန်တာကလော့ဘိုးဘိုးကြီးလို့ ပြောလို့ရပါတယ်။

စစ်မှုထမ်းဟောင်းအဘိုး ဂျင် အန်နစ် (Jim Annis) ဟာ အရမ်းလိုအပ်နေတဲ့သူတွေကို ခရစ်စမတ်အချိန်အခါမှာ လက်ဆောင်ပေးဖို့အတွက် ဖန်တီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၅၀) ကတည်းက သူက ငွေရေးကြေးရေးခက်ခဲတဲ့မိသားစုက ကလေးတွေအတွက် ကစားစရာအရုပ်တွေကို ပြုလုပ်နေခဲ့တာပါ။ ကယ်ဆယ်ရေးတပ်က အဲဒီဒေသက လူတွေကို အစားအစာနဲ့ အဝတ်အထည်တွေပေးရင် ကျွန်တော်တို့ ကစားစရာအရုပ်တွေပေးတယ်လို့ အန်နစ်က ပြောပါတယ်။

နှစ်တိုင်း လက်လုပ်သစ်သားကစားစရာအရုပ်တွေကို သူကိုယ်တိုင်လုပ်ပြီး ကယ်ဆယ်ရေးတပ်ကို ကစားစရာအရုပ် (၃၀၀) ဝန်းကျင်ကို လှူဒါန်းပါတယ်။ သူူက အိမ်နီးနားချင်းတွေဆီက သစ်သားအပိုင်းအစတချို့ရရှိပြီး အခြားလိုအပ်တဲ့ ပစ္စည်းတွေကိုတော့ သူကိုယ်တိုင်ဝယ်ယူတာပါ။ နှစ်တိုင်း ဒေါ်လာ ၁၀၀၀လောက်ကုန်ကျပါတယ်။ ဒါပေမဲ့ သူ့အတွက် ငွေကြေးက ကိစ္စမရှိပါဘူး။ ကလေးတွေ ဂရုစိုက်ခံရသလို ခံစားရရင် ကျေနပ်နေတာပါ။ ခရစ်စမတ်မှာ လက်ဆောင်မရရှိတဲ့ခံစားချက်က ဘယ်လိုမျိုးဆိုတာကို အန်နစ်က ကောင်းကောင်းသိပါတယ်။

အန်နစ်လုပ်တဲ့ တချို့ကစားစရာအရုပ်တွေက မီးသတ်ကားတွေ၊ အရုပ်တွေ၊ စုဘူးတွေပါ။ “ဒီကစားစရာအရုပ်တွေလုပ်တာ ဘယ်လောက်ရလဲလို့ လူတွေမေးတာကို ကျွန်တော် ကြိုက်တယ်။ ကျွန်တော့လုပ်အားခက ကလေးတွေရဲ့မျက်နှာမှာ ပြုံးနေတာ မြင်နေရတဲ့အခါလို့ ကျွန်တော် သူတို့တွေကို ပြောပါတယ်” လို့ အန်နစ်က ပြောပါတယ်။ လက်တွေ့ဘဝက ဆန်တာကလော့ဘိုးဘိုးကတော့ သူလုပ်နိုင်တဲ့အထိ ကလေးတွေအတွက် ကစားစရာအရုပ်တွေကို ဆက်လက်လုပ်သွားဖို့ ဆန္ဒရှိနေပါတယ်။

Ref: This Real-Life Santa Has Been Making Wooden Toys For Children In Need Every Christmas For 50 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top