COVID-19 ကြောင့် ထိုင်းဆင်စခန်းက ဆင် ၇၈ ကောင် အနားရ

yyl-elephant01.jpg

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံမှာ ခရီးသွား ဝင်ရောက်မှု ထိုးကျသွားခဲ့လို့ ဆင်စခန်းက ဆင်တွေကို ခရီးသည် သယ်ပိုးရတဲ့တာဝန်ကနေ အနားပေးလိုက်ပါပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်က ချင်းမိုင်မြို့၊ မဲဆာဆင်စခန်းမှာရှိတဲ့ ဆင် ၇၈ ကောင်လုံးရဲ့ကျောပေါ်က သစ်သားကုလားထိုင်ကြီးတွေကို ဖယ်ရှားပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးလိုက်တာပါ။ မဲဆာဆင်စခန်းမှာရှိတဲ့ဆင်တွေကို သစ်သားကုလားထိုင်တွေ ဖြုတ်ပေးခဲ့တာ ၄၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆင်စခန်းဒါရိုက်တာ ကာလမ်ပီချစ်က ပြောပါတယ်။

အခုချိန်မှာတော့ မဲဆာဆင်စခန်းဟာ ဆင်တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးတော့မှာဖြစ်ပြီး ဆင်ကြည့်ရာနေရာတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ ဒီဆင်တွေကို နောက်တစ်ခါထပ်ပြီး သစ်သားကုလားထိုင်တွေ တပ်ဆင်ပြီး ခရီးသည် သယ်ဆောင်ဖို့ အသုံးပြုတော့မှာမဟုတ်ဘူးလို့ ကာလမ်ပီချစ်က ပြောပါတယ်။ ချင်းမိုင်မြို့မှာ အရွယ်အစား အကြီး၊ အသေးမတူတဲ့ ဆင်စခန်း ၉၃ ခုရှိပြီး အခြေအနေတွေ တိုးတက်မလာဘူးဆိုရင် ပိတ်ပစ်ရမယ့်ဆင်စခန်း ၈၅ ခုရှိနေတယ်လို့ ထိုင်းအစိုးရအရာရှိတွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top