ဂျော်ဂျီယာနိုင်ငံသား ဒိုင်ဇယ်လ် ဆီဂါစ်ဆိုသူက limb lengthening ဆိုတဲ့ ခွဲစိတ်နည်းနဲ့ အရပ်ရှည်အောင်လုပ်ခဲ့ပါတယ်။ သူဟာ အရပ် ၅ ပေ ၅ ပဲရှိတဲ့အတွက် Crush ဆီကအငြင်းခံရပြီးတဲ့နောက်မှာ ဒေါ်လာ ၈၀၀၀၀ အကုန်အကျခံကာ အခုလိုခွဲစိတ်မှုလုပ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒိုင်ဇယ်လ်က ဆယ်ကျော်သက်အရွယ်မှာ သူ အရမ်း Crush ခဲ့ရတဲ့ မိန်းကလေး ငြင်းတာကို ခံခဲ့ရတာပါ။ အဲဒီမိန်းကလေးက ဒိုင်ဇယ်လ်ကို စိတ်ဝင်စားပေမဲ့ သူ့အတွက် အရပ်ပုပြီး အသက်ငယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းခဲ့တာပါ။
![](https://yoyarlay.com/wp-content/uploads/2023/06/28.6.2023-yyl-2.jpg)
Limb lengthening ခွဲစိတ်နည်းနဲ့ အရပ်ရှည်အောင်လုပ်ဖို့အတွက် ဒိုင်ဇယ်လ်က တူရကီနိုင်ငံရှိ လူထုကျန်းမာရေးစင်တာ Live Life Taller ကို သွားခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်တွေက ဒီခွဲစိတ်နည်းနဲ့ သူ့ကို ၃- ၄ လက်မလောက်ပဲ အရပ်ရှည်အောင် လုပ်ပေးနိုင်ပါတယ်။ သူက ဒီနည်းကို (၂) ကြိမ်လုပ်ခဲ့ရပြီး တစ်ကြိမ်ကို ဒေါ်လာ ၄၀၀၀၀ စီပေးခဲ့ရပါတယ်။ ဒီခွဲစိတ်မှုကို ခံယူပြီးတဲ့နောက်မှာ လမ်းလျှောက်ကျင့်နေရပါတယ်။
အဲဒီခွဲစိတ်နည်းက အတော်လေးနာကျင်ရပေမဲ့ သည်းခံနိုင်တယ်လို့ ဒိုင်ဇယ်လ်က ဆိုပါတယ်။ အခုဆို ဒိုင်ဇယ်လ်က အရပ် ၆ ပေရှိသွားပါပြီ။ ဒါပေမဲ့ ခြေထောက်ကြွက်သားတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ ရွေ့လျားနိုင်စွမ်းတိုးတက်အောင် ပြင်းထန်တဲ့ ကာယကုထုံးကို ခံယူနေရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2023/06/28.6.2023-yyl-3.jpg)
Limb lengthening ခွဲစိတ်တာက ကြွက်သား၊ အရွတ်တွေကိုလည်းဆွဲဆန့်ရင်း လူတစ်ယောက်ရဲ့လက် (သို့) ခြေထောက်မှာရှိတဲ့ အရိုးအရှည်ကို တိုးလာစေတဲ့ ကုသနည်းပါ။ Limb lengthening ခွဲစိတ်မှုအတွင်း ဆရာဝန်တွေက အရိုးကို နှစ်ပိုင်းဖြတ်လိုက်ပြီး fixator လို့ခေါ်တဲ့ အထိန်းလေးနဲ့ ဆက်ထားလိုက်ပါတယ်။ ပြီးရင် ခွဲထားတဲ့အရိုးတွေကို ဖြည်းဖြည်းချင်း ဆွဲဆန့်ပါတယ်။ ဆွဲဆန့်လို့ဟလာတဲ့ ကြားနေရာလေးမှာ အရိုးအသစ်ဖြစ်လာမှာပါ။ အဲဒီလိုဖြစ်လာဖို့ အချိန် ၂ လ လောက်ယူရပါတယ်။
ဒီခွဲစိတ်မှုခံယူထားတဲ့ လူနာတွေက ချက်ချင်း လမ်းမလျှောက်နိုင်ဘဲ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဖို့လိုအပ်ပါတယ်။ အပြည့်အဝပုံမှန်အတိုင်း ပြန်ကောင်းလာဖို့ အချိန် ၁ နှစ် ယူရပါတယ်။
Ref: Georgia Man Paid $80K for Painful Limb Lengthening Surgery After Crush Rejected Him: ‘Feel Like a New Man’
WL (ရိုးရာလေး)