၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေနဲ့ ၁၈ မိုင်ခရီးနှင်ပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ဖို့ကြိုးစားခဲ့သူ

16.10.23-yyl-19.jpg

မစ်ဆိုရီပြည်နယ်က စွန့်စားသွားလာသူ စတီဗ် ကူနီ ဆိုသူအမျိုးသားဟာ Missouri River အတွင်း ၁၂၀၈ ပေါင်ရှိတဲ့ ရွှေဖရုံသီးလှေကို လှော်ခတ်ရင်း ၁၁ နာရီ၊ ၃၈ မိုင် ခရီးနှင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ခဲ့ပါတယ်။ စတီဗ်က ကင်းဆက်(စ်) မြို့ကနေ မနက် ၇ နာရီခွဲမှာ စတင်ထွက်ခွာလာခဲ့ပြီး နပိုလီယံမြို့ဆီ ညနေ ၆ နာရီ ၁၈ မိနစ် မှာ ရောက်ရှိခဲ့ပါတယ်။

စတီဗ်က ရွှေဖရုံသီးလှေနဲ့ အကြာဆုံးခရီးနှင်နိုင်တဲ့သူအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကိုင်ဆောင်တဲ့သူဖြစ်လာမှာပါ။ အရင်က ဒွိန်း ဟန်ဆန်ဆိုသူဟာ ၂၀၂၂ ခုနှစ်က ရွှေဖရုံသီးလှေနဲ့ ၃၇ မိုင်ခရီးနှင်ပြီး ဒီစံချိန်ကိုချိုးခဲ့တာပါ။

စတီဗ်က ဘေးကင်းစွာနဲ့ လှော်ခတ်နိုင်ဖို့နဲ့ မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းတွေ သိဖို့အတွက် Paddle KC Padding Club အဖွဲ့ထဲလည်း ဝင်ခဲ့ပါတယ်။ သူဟာ ရွှေဖရုံသီးလှေနဲ့ လှော်ခတ်ဖို့ကို ဖေဖော်ဝါရီလကနေက စီစဉ်နေခဲ့တာပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် စတီဗ်က GPS စနစ်တပ်ထားခဲ့တာပါ။

Ref: Missouri Man Sets New Record for 38-Mile River Journey in 1,208-Lb. Pumpkin Boat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top