ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို သက်သာ ပျောက်ကင်း သွားစေနိုင်မယ့် နည်းတစ်နည်း

1-7-2020-yyl-031.jpg

ခေါင်းတစ်ခြမ်းကိုက်ခြင်းက ခေါင်းကိုက်ခြင်းအမျိုးအစားပါပဲ။ ဦးခေါင်းတစ်ခြမ်းမှာသာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ သင်ကိုယ်တိုင်ရော၊ သင်အနီးနားကသူတွေပါ ဒီကျန်းမာရေးပြဿနာကို ခံစားနေရတယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်ခြင်း လက္ခဏာရပ်တွေကို သက်သာသွားအောင်လုပ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို သေချာပေါက်သိကြပါလိမ့်မယ်။ ခေါင်းတစ်ခြမ်းကိုက်ရခြင်းက စိတ်ဖိစီးတာ၊ ဟော်မုန်းပြောင်းလဲတာ၊ အယ်ကိုဟော သောက်သုံးမှုများတာတွေကြောင့်ဖြစ်ပြီး (၃) နာရီကနေ ရက်တော်တော်ကြာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။

လူအများစုက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာသွားဖို့အတွက် ဆေးဝယ်သောက်ကြပါတယ်။ မခံမရပ်နိုင်ထိုးအောင့်နေတဲ့ ခေါင်းကိုက်ခြင်းကို သက်သာသွားအောင် ကူညီပေးနိုင်တဲ့ သဘာဝနည်းလမ်း တွေလည်းရှိပါတယ်။ ခေါင်းကိုက်တာကို သက်သာသွားဖို့အတွက် ဆေးသောက်ရမှာ ကြောက်တဲ့သူတွေကတော့ သဘာဝနည်းလမ်းနဲ့ စမ်းကြည့်လို့ရပါတယ်နော်။ အိန္ဒိယလူမျိုးတွေ အသုံးပြုကြတဲ့နည်းတစ်နည်းကို မျှဝေပေးချင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာကို အိန္ဒိယထောပတ်နဲ့ သက်သာသွားအောင်လုပ်လို့ရပါတယ်။ အိန္ဒိယလူမျိုးတွေကတော့ ထောပတ်ကို အစားအစာတွေထဲ ထည့်စားဖြစ်ကြပါတယ်။ ထောပတ်က အစားအစာတွေကို အရသာကောင်းစေရုံသာမက ကျန်းမာရေးနဲ့ ညီညွှတ်စွာနေထိုင်နိုင်အောင်လည်း ကူညီပေးပါတယ်။ ထောပတ် (ထောပတ်အကြည်) က အဆီနည်းပြီး အလွယ်တကူ အစာချေဖျက်ပေးပါတယ်။ ကိုယ်လေးချိန်ကျဖို့၊ ဦးနှောက်လုပ်ဆောင်ချက်တွေ ကောင်းဖို့အတွက် ထောပတ်အကြည်က ကောင်းကျိုးရှိပါတယ်။ ထောပတ်အကြည်က မျက်ကွင်းညိုတာ၊ နှုတ်ခမ်းခြောက်သွေ့ အက်ကွဲတာတွေကို ဖယ်ရှားပေးတဲ့အပြင် အသားရေနဲ့ ဆံပင်ခြောက်သွေ့တာကိုလည်း ကုသပေးပါတယ်။ ထောပတ်အကြည်က ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသပေးနိုင်တဲ့ အစွမ်းထက်ကုသနည်းလည်း ဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘယ်လိုကုသမလဲ

ထောပတ်ကိုအရည်ပျော်အောင်လုပ်ပြီး ထောပတ်ရည်နွေးနွေးလေး (၂-၃) စက်ကို နှာခေါင်းပေါက်မှာ ထည့်ထားပေးရုံပါပဲ။ ခေါင်းကိုက်ခြင်းကို သက်သာသွားဖို့အတွက် ဒီနည်းကို တစ်နေ့ (၂) ကြိမ်လုပ်ပေးလို့ရပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာသွားစေဖို့အတွက် ကူညီပေးနိုင်တဲ့အခြားနည်းလမ်းတွေကတော့

  • တစ်နေ့ကို ရေများများသောက်ပေးပါ။ ရေဓာတ်ကုန်ခန်းခြင်းက ခေါင်းကိုက်ခြင်းရဲ့အဓိကအကြောင်းအရင်းတစ်ခုပါပဲ။
  • တစ်နေ့ကို (၇-၈) နာရီလောက် အိပ်စက်ပေးပါ။ အိပ်ရေပျက်တာကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးပါ။
  • ထမင်းစားချိန်မှန်ပါစေ။ ထမင်းစားချိန် မမှန်တာကလည်း ခေါင်းကိုက်ခြင်းကို အစပျိုးပေးနိုင်ပါတယ်။

Ref: TOI “Get rid of your migraine pain with the help of this simple ingredient”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top