စိတ်ရောကိုယ်ပါ ကျန်းမာဖို့ တရားထိုင်ကြစို့

woman-with-meditation.jpg

တရားထိုင်တယ် ဆိုတာက ဘာသာရေး အလုပ်ဆိုတာထက် လူတိုင်း လုပ်သင့်တဲ့ အလေ့အထလေး တစ်ခုလို့ ပြောချင်ပါတယ်။ တကယ်ကတော့ လူတိုင်းဟာ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက် ၄၅ မိနစ်လောက်အထိ ကိုယ်နိုင်သလောက် တရားထိုင်သင့်ပါတယ်။ ဒီလို တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်၊ လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။

ရားထိုင်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

ရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ပုံမှန် တရားထိုင်ပေးခြင်းက

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနေနဲ့

နှလုံး ကျန်းမာစေတယ်

လေ့လာမှုတွေအရ နေ့စဉ် တရားထိုင်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံး ခုန်နှုန်းကို မှန်စေဖို့ နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ တရားထိုင်တာက သွေးကြောတွေကို မာကြောစေတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ lipid peroxide ကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ပုံမှန်တရားထိုင်တာက သွေးတိုးကင်းစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအားက ရောဂါတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ပြင်ပက အရာတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

၂၀၀၃ ခုနှစ်က Wisconsin-Madison က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ တရားထိုင်တာက အကောင်းမြင်စိတ်ကို ဖြစ်စေပြီး ဦးနှောက်အတွင်း ကောင်းသော ပြောင်းလဲခြင်းတွေကို ဖြစ်စေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အိပ်ပျော်စေတယ်

ညဘက်တိုင်းမှာ အိပ်ရေးဝဝနဲ့ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ဆိုရင် တရားထိုင်ပါ။ တရားထိုင်တာက အလုပ်ကြောင့် ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် အိပ်မပျော်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဒါကြောင့် အိပ်ရေးဝဝ အိပ်ပျော်ချင်တယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ဖို့ မမေ့ပါနဲ့။

နာကျင်မှုကို သက်သာစေတယ်

တရားထိုင်တာက ခန္ဓာကိုယ်မှာ ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ National Center for Complementary and Integrative Health (NCCIH) ရဲ့ လေ့လာမှုအရ တရားထိုင်တာက အဆစ်ရောင်နာ၊ လေးဖက်နာ၊ ခေါင်းကိုက်တာ နဲ့ အခြား နာတာရှည် ရောဂါတွေ​ကြောင့် ခန္ဓာကိုယ်မှာ ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တယ်၊ လို့ သိရပါတယ်။

ရာသီလာစဉ် ခံစားရတဲ့ ပြဿနာတွေကို သက်သာစေတယ်

လေဒီလေးတွေအနေနဲ့ နေ့စဉ် တရားထိုင်ပေးတာက ရာသီအကြို ကာလမှာ ခံစားရတဲ့ စိတ်အတက်အကျမြန်တာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် လွန်ကဲတာ၊ ဗိုက်အောင့်တာ၊ ခါးနာတာ၊ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနေနဲ့

စိုးရိမ်မှု လျော့ပါးစေတယ်

တရားထိုင်တာက စိုးရိမ်စိတ်ဖြစ်တာ၊ စိတ်ဖိစီးမှု များတာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ စိတ်အေးချမ်းသာ ဘာမှမတွေးဘဲ တရားထိုင်တာက စိုးရိမ်ပူပန်မှုကို ဖြစ်စေတဲ့ ကောတီစော ဟော်မုန်းတွေ ထွက်ရှိမှုကို သက်သာစေနိုင်ပါတယ်။

ဒီလို စိတ်ဖိစီးမှု လျော့ကျတာက သွေးတိုးနိုင်ခြေနည်းသွားစေသလို ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေမှာပါ။

မှတ်မိနိုင်စွမ်း ကောင်းစေတယ်

အသက်အရွယ်ရလတဲ့အခါ မှတ်မိနိုင်စွမ်းက အလိုလို ကျဆင်းလာပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖို့က တရားထိုင်ပါ။ တရားထိုင်တာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးစေပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ် ချို့ယွင်းမှု ပြဿနာတွေကို ကာကွယ်ရာ ရောက်ပါတယ်။

ပုံမှန် တရားထိုင်ခြင်းက မှတ်မိနိုင်စွမ်း တိုးစေသလို သိမြင်မှု စွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top