ကမ္ဘာ့ပထမဆုံး In-display fingerprint နည်းပညာသုံးစမတ်ဖုန်းထုတ်ဖို့ အသင့်ဖြစ်နေတဲ့ Vivo

Vivo-In-Display-Fingerprint-Scanning-Technology-in-Detail.jpg

CES 2018 (Consumer Electronics Show) မှာ Vivo ဟာကမ္ဘာ့ပထမဆုံး In-display fingerprint scan နည်းပညာ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း သရုပ်ဖော် ပြသသွားခဲ့ပါတယ်။

Vivo ရဲ့ နောက်ဆုံးပေါ် လက်ဗွေဖတ်ခြင်း နည်းပညာဟာ သုံးစွဲသူတွေအနေနဲ့ စမတ်ဖုန်း မျက်နှာပြင်ပေါ်ကို တိုက်ရိုက်ထိတွေ့ပြီး လက်ဗွေစစ်မှန်ကြောင်း အဆင်ပြေပြေအတည်ပြု lock ဖွင့်လို့ရသွားတဲ့ အတွေ့အကြုံသစ်ကို ပေးတဲ့အပြင် ဒီထုတ်လုပ်မှု နယ်ပယ်ရဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြေရှင်းသွားခဲ့တာပါပဲ။

UBI သုတေသနအရ bezel-less display တွေဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ဈေးကွက်ဝေစုရဲ့  ၂၀% တိုးတက်ရယူလာပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ၅၀% အထိ ကြီးထွားလာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လက်ဗွေ အသိအမှတ်ပြုမှုဟာ ဇီဝစနစ်ကို အသုံးပြုပြီး စမတ်ဖုန်းတွေရဲ့ လုံခြုံရေးကို လုပ်ဆောင်ခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။

စမတ်ဖုန်း ထုတ်လုပ်သူတွေက မျက်နှာပြင်ပြည့် စမတ်ဖုန်းခေတ်သစ်ကို စတင်လာချိန်မှာလည်း လက်ဗွေစနစ်ကို စွန့်လွှတ်ခြင်း မရှိဘဲ ပိုပြီး လိုက်လျောညီထွေဖြစ်အောင်သာ ကြံဆောင်နေကြဆဲပါပဲ။ အခုဆိုရင်တော့ Vivo ဟာ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက် Aynaptics ရဲ့ ထောက်ပံ့မှုဖြစ်တဲ့ ကမ္ဘာ့ ပထမဆုံး In-display fingerprint ကို တပ်ဆင်ထားပြီး စမတ်ဖုန်း ထုတ်လုပ်မှုနယ်ပယ်ကို ဦးဆောင်တော့မှာ ဖြစ်ပါတယ်။

In-display fingerprint sensor ဆိုတာ Screen Size ပိုကြီးစေတဲ့ home button မှာလည်း တပ်ဆင်ထားတာ မဟုတ်သလို၊ သုံးစွဲသူတွေ ဖုန်းနောက်ကျောကို စမ်းတဝါးဝါး လက်မ လိုက်ဖိနေစရာ မလိုအောင် ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာပါ။

မျက်နှာပြင် ပိတ်နေချိန် တစ်ခုခုဖွင့်ချင်တာမျိုး၊ မိုလ်ဘိုင်း ငွေပေးချေမှု ပြုလုပ်တဲ့ အချိန်တွေလိုမျိုး လက်ဗွေ အသိအမှတ်ပြုဖို့ လိုအပ်လာတဲ့အချိန်တွေမှာ Graphical UI ဟာ Vivo စမတ်ဖုန်းရဲ့ မျက်နှာပြင်မှာ ပြသမှာ ဖြစ်ပါတယ်။ အသုံးပြုသူက ပေါ်ပေါက်လာတဲ့ လက်ဗွေဖတ်စနစ်ကို ဖိနှိပ်ပြီး ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ဗွေ အသိအမှတ်ပြုစနစ် သုံးဖို့ မလိုအပ်ချိန်မှာတော့ မြင်တွေ့နေရတာတွေကို အနှောင့်အယှက်မပေးဘဲ UI က ပျောက်ကွယ်နေမှာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ ဖုန်းထုတ်လုပ်ခြင်း ဖွံ့ဖြိုးတိုးတက်မှု တစ်ခု ဖြစ်သလို အသုံးပြုသူတွေ ရရှိမယ့် အတွေ့အကြုံကိုလည်း အဆင့်သစ်ဆီ ယူဆောင်သွားတာလည်း ဖြစ်ပါတယ်။ Vivo ရဲ့ ကမ္ဘာ့ပထမဆုံး In-display fingerprint စမတ်ဖုန်းတွေ ရရှိမယ့် အချိန်ကိုတော့ ၂၀၁၈ ခုနှစ်ရဲ့ အစောပိုင်းကာလမှာပဲ ထုတ်ဖော်ကြေညာသွားဖွယ် ရှိနေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top