ပူဖောင်းစီးပြီး ကမ္ဘာ့လေထု ဒုတိယအလွှာအထိ လိုက်ပါခဲ့တဲ့ ဟမ်းစတား

27-6-2022-yyl0၂.jpg

လူသားတွေကို အာကာသခရီး ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဂျပန်ကုမ္ပဏီ အီဝါတာနီဂျီကန်(Iwatani Giken)က ဟမ်းစတားတစ်ကောင်ကို ပူဖောင်းထဲထည့်ပြီး မြေပြင်အထက် ၁၄ မိုင်အကွာအဝေး (ကမ္ဘာ့လေထု ဒုတိယအလွှာထိ)ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

ဟမ်းစတားကို အမြင့် ၆၀ စင်တီမီတာ၊ အချင်း ၅၀ စင်တီမီတာရှိတဲ့ လေလုံခန်းထဲထည့်ပြီး လွှတ်တင်ခဲ့တာပါ။ လေလုံခန်းဖြစ်လို့ ဟမ်းစတားဟာ ကမ္ဘာမြေပေါ်က လေထုဖိအားနဲ့ အပူချိန်ကိုပဲ ခံစားရပါတယ်။

အဲဒီပူဖောင်းကို မီယာကိုဂျီမာမြို့ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး တစ်စက္ကန့်ကို ပျမ်းမျှ ၆.၃ မီတာနှုန်းနဲ့ မြင့်တက်သွားခဲ့တာပါ။ လေလုံခန်းထဲမှာ ကင်မရာတပ်ဆင်ထားလို့ ပူဖောင်း မြင့်တက်သွားချိန်မှာ ဟမ်းစတားက ငြိမ်ငြိမ်လေးပဲ ရှိနေတာ တွေ့ရပါတယ်။

ပူဖောင်းပြန်လည် ဆင်းသက်လာချိန်မှာ ဟမ်းစတားကို မီယာကိုကျွန်း ကမ်းလွန်ဘက်ကနေ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ ဆိုပါတယ်။

အာကာသခရီးသွားချင်သူတွေရဲ့ စိတ်ချယုံကြည်မှု ရရှိစေဖို့ အီဝါတာနီဂျီကန်ကုမ္ပဏီက အခုလို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အီဝါတာနီဂျီကန်ကုမ္ပဏီဟာ အမြင့် ၁၅ မိုင်အထိ ရောက်ရှိမယ့် နောက်ထပ်စမ်းသပ်လွှတ်တင်မှုတွေ လုပ်သွားဖို့ စီစဉ်နေပြီး အဲဒီအကွာအဝေးကကြည့်ရင် ကမ္ဘာကြီးရဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်ကို မြင်တွေ့ရမှာပါ။

Ref: Hamster survives daring trip into the stratosphere on a flying balloon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top