ဖခင်ဖြစ်သူကိုရည်စူးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ညီအစ်မနှစ်ဦး

65205110_428809681302894_4212945077187641344_n.jpg

အသက် (၂၅) နှစ်အရွယ်ဘတ်သနီ ဂိုရာစကီ (Bethany Goralski) နဲ့ အသက် (၂၄) နှစ်အရွယ် ဟန်နာ ဂိုရာစကီ (Hannah Goralski) တို့ ညီအစ်မနှစ်ဦးဟာ ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြုလုပ်စဉ် သေဆုံးသွားခဲ့တဲ့ ဖခင်ဖြစ်သူ မတ်ခ် ဂိုရာစကီ (Mark Goralski) ကိုရည်စူးပြီး ကျောက်ကပ်အစားထိုးလှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။

ဟန်နာက Northwestern Memorial ဆေးရုံကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး ညီအစ်မနှစ်ယောက်လုံး ကျောက်ကပ်ဝေဒနာရှင်လူနာတွေအတွက် ကျောက်ကပ်အစားထိုးလှူဒါန်းမှု ပြုလုပ်

ဖခင်ဖြစ်သူ မာတ်ခ်သေဆုံးပြီး တစ်လလောက်အကြာမှာတော့ ဟန်နာက Northwestern Memorial ဆေးရုံကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး ညီအစ်မနှစ်ယောက်လုံး ကျောက်ကပ်ဝေဒနာရှင်လူနာတွေအတွက် ကျောက်ကပ်အစားထိုးလှူဒါန်းမှု ပြုလုပ်ပေးခဲ့ကြပါတယ်။

“ဘဝက လက်ဆောင်အဖြစ်ပေးထားတဲ့အရာကို အဖေ့အတွက်ရည်စူးပြီး လိုအပ်နေသူတွေဆီ လှူဒါန်းချင်ပါတယ်။ ကျွန်မတို့အဖေက အပေးအကမ်းရက်ရောတတ်တဲ့သူမျိုးပါ။ တခြားသူတွေကို အမြဲတမ်းကူညီလေ့ရှိပါတယ်။ ဒီလှူဒါန်းမှုကြောင့် သူလည်းပျော်မှာပါ။ ဒီလောက်လူတွေအများကြီး အစားထိုးကုသဖို့လိုအပ်နေတာကို ကျွန်မတို့က မသိကျိုးကျွံပြုပြီး မနေချင်ပါဘူး။ ကျွန်မကိုယ်ထဲမှာ ကျောက်ကပ်အပိုတစ်ခုထားထားရတာဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ခံစားရတယ်” လို့ ဟန်နာကဆိုပါတယ်။

ဘတ်သနီကလည်း သူတို့လိုပဲ ငယ်ရွယ်ပြီးကျန်းမာရေးကောင်းမွန်တဲ့လူငယ်တွေကို အခုလိုလှူဒါန်းမှုတွေပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်နေတာဖြစ်ပါတယ်။

“လူငယ်တွေကို ကိုယ်အင်္ဂါလှူဒါန်းမှုတွေ ပြုလုပ်စေချင်ပါတယ်။ ဒီလိုလိုက်ပြီးတိုက်တွန်းနေတာအတွက် နည်းနည်းလေးမှ နောင်တမရပါဘူး။ ကျွန်မတို့က ငယ်ရွယ်ပြီးကျန်းမာကြပါတယ်။ ကျွန်မဆို ကျောက်လှူဒါန်းပြီး လန်းလန်းဆန်းဆန်းပြန်ဖြစ်ဖို့ (၁၀) ရက်လောက်ပဲ အနားယူခဲ့ရတာပါ” လို့သူ (မ) က ပြောပါတယ်။

Ref: abcnews “2 sisters donate their kidneys to strangers to ‘honor’ their late dad”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top