အဆုတ်ကျန်းမာရေးအတွက် စားပေးရမယ့်အစားအစာတွေ

2B_healthy-eating-healthy-lungs_1338x460.jpg

ဆေးလိပ်နဲ့ ဆေးလိပ်သောက်ခြင်းဆိုတာတွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝတွေမှာ မလွဲမသွေ တွေ့မြင် ကြုံကြိုက်နေရတဲ့အရာတွေဖြစ်ပါတယ်။ ကိုယ်တိုင်သောက်တတ်သူတွေကော မသောက်တတ်ပေမဲ့လည်း ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံရှုရှိုက်နေရသူတွေပါ ခံစားကြရမယ့်ဆိုးကျိုးကတော့ အတူတူပဲဖြစ်နေလို့ ဆေးလိပ်နဲ့ ဝေးနိုင်သမျှဝေးဝေးနေတာဟာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း မလွှဲသာမရှောင်သာ ပတ်သက်နေကြရဆဲ ဖြစ်တာကြောင့် ရလာမယ့်ဆိုးကျိူးတွေကိုကာကွယ်ဖို့ အတတ်နိုင်ဆုံး ကာကွယ်ထားဖို့လိုပါတယ်။ ဒီလိုကာကွယ်တားဆီးနိုင်ဖို့အတွက်ဆိုရင် ဆေးလိပ်ငွေ့ကို ထိတွေ့ရမယ့်အဆုတ်တွေကို ကျန်းမာနေအောင်နေထိုင်တာက အကောင်းဆုံး ပြင်ဆင်မှုတစ်ခုဖြစ်လို့ အဆုတ်တွေအတွက် အကျိုးများစေမယ့်အစားအစာတွေကို ဒီဆောင်းပါးကနေ ညွှန်ပြပေးချင်ပါတယ်။

အဆုတ်ကျန်းမာရေးကောင်းမွန်စေဖို့ အဓိကစားသုံးပေးသင့်တဲ့အစာအမျိုးအစားက အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။ အဲဒီအစားအစာတွေဟာ အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး COPD လို နာတာရှည်အဆုတ်ရောဂါမျိူးဖြစ်နိုင်ချေကို လျော့ချပေနိုင်တဲ့အစားအစာတွေပါ။ ဒါဟာ အမျှင်ဓာတ်ကို ခြေဖျက်တဲ့အခါ အဆုတ်ယောင်ရမ်းမှုကိုလျော့ပါးစေတဲ့စွမ်းရည်ရှိပစ္စည်းတစ်မျိူးကို အူထဲက အကျိုးပြုဘက်တီးရီးယားတွေကထုတ်ပေးလိုက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

အမျှင်ဓာတ်ပါဝင်တဲ့ ဘယ်အစားအစာတွေကို ဘယ်လိုစားရမလဲဆိုတာလည်း ကြည့်လိုက်ကြရအောင်ပါ။ စားသုံးတဲ့အစားအစာထဲမှာ ပါဝင်ရမယ့်အမျှင်ဓာတ်ပမာဏက တစ်နေ့ကို အနည်းဆုံး (၁၇.၅) ဂရမ်ရှိဖို့လိုအပ်ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ ပင်မအစားအစာ (၇) မျိုးကတော့ (၁) ပန်းဂေါ်ဖီစိမ်း (၂) ပဲတောင့် (၃) ဘယ်ရီသီး (၄) ပဲခြမ်း (၅) ပဲနီလေး (၆) ဗာဒံ/သစ်အယ်စေ့ (၇) ပဲပိုးတီ/ ဂေါ်ဖီထုပ်လိုအရွက် တွေပဲဖြစ်ပါတယ်။

ဒီအစားအစာ (၇) မျိူးအပြင် VitaminC ကိုမှီဝဲခြင်းဟာလည်း အဆုတ်အတွက် အထောက်အကူပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ပန်းသီး၊ ငှက်ပျောသီးနဲ့ ခရမ်းချဉ်သီးတွေမှာလည်း VitaminC ကြွယ်ဝတဲ့အပြင် ဆေးလိပ် သောက်သုံးသူရဲ့ အဆုတ်လုပ်ငန်းဆောင်တာတွေ ကောင်းမွန်အောင်ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ၊ အခြား Vitamin နဲ့ သတ္ထုဓာတ်တွေ များစွာပါဝင်နေကြောင်းကို Good Housekeeping Institute က Nutrition Director ဂျက်က်လင်း လန်ဒန် (Jaclyn London) ကဆိုထားတာကြောင့် အဆုတ်တွေ ကျန်းမာနေအောင် အမျှင်ဓာတ်ကြွယ်ဝတဲ့အစာတွေကို ဂရုစိုက်စားသုံးပေးသင့်ကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေ။

Ref: MSN News “Foods For Healthy Lungs”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top