တရုတ်နိုင်ငံအလယ်ပိုင်းမှာ ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ဗိုင်းရပ်စ်က SARS ဗိုင်းရပ်စ်မဟုတ်ဘူးလို့ ကြေညာ

yyl-079.jpg

တရုတ်နိုင်ငံ အလယ်ပိုင်းမှာ လူဒါဇင်ပေါင်းများစွာကို ကူးစက်စေခဲ့ပြီး ခွဲခြားမရနိုင်သေးတဲ့ ဗိုင်းရပ်စ်ပိုးဟာ SARS(Severe Acute Respiratory Syndrome)ဗိုင်းရပ်စ်မဟုတ်ဘူးလို့ တရုတ်နိုင်ငံ ကျန်းမာရေးဌာန အကြီးအကဲတွေက ပြောပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၅၉)ယောက်ရှိနေပြီး (၇)ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ ဒီဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ရောက်လာတဲ့ ခရီးသည်တွေကို စင်ကာပူနိုင်ငံနဲ့ ဟောင်ကောင်မြို့တွေမှာ ကျန်းမာရေးဆိုင်ရာ အသေးစိတ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ တရုတ်နိုင်ငံကနေ အစပြုခဲ့တဲ့ SARS ဗိုင်းရပ်စ်ကြောင့် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်ကြားကာလအတွင်း ကမ္ဘာတစ်ဝန်းမှာ လူ ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဝူဟန်မြို့မှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ဟာ ကြက်ငှက်တုတ်ကွေးမဟုတ်သလို အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ(Middle East Respiratory Syndrome)လည်း မဟုတ်ဘူးလို့ ကျန်းမာရေးဌာန အကြီးအကဲတွေက ဆိုပါတယ်။ အဲဒီဗိုင်းရပ်စ်ကို ခွဲခြားနိုင်ဖို့နဲ့ ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ ဗိုင်းရပ်စ်ရှိနေသူတွေနဲ့ ထိတွေ့မိခဲ့သူ ၁၆၃ ယောက်ကို ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်နေတယ်လို့ ဝူဟန်ဒေသန ္တာရ ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ တော်တော်များများဟာ ဝူဟန်မြို့ ငါး၊ ပုစွန်စျေးမှာ အလုပ်လုပ်သူတွေလို့ ဆိုပါတယ်။ အဲဒီအတွက် အာဏာပိုင်တွေက ငါး၊ ပုစွန်စျေးမှာ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာတော့ အဲဒီဗိုင်းရပ်စ် ခံစားနေရတယ်လို့ သံသယရှိသူတစ်ယောက် တွေ့ရှိထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top