ဂျပန်နိုင်ငံက ကျန်းမာရေးအစားအစာထုတ်ကုန်ကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့အလေးဆုံးမုန်လာဥဖြူကို စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။ ဒီမုန်လာဥဖြူက အလေးချိန် ၄၅.၈၆၅ ကီလိုဂရမ် (၁၀၁ ပေါင်) ရှိပြီး ရေမြင်းပေါက်အလေးချိန်လောက် ပါပဲ။
Manda Fermentation ကုမ္ပဏီက စိုက်ပျိုးခဲ့တဲ့ ဒီကမ္ဘာ့ဂင်းနက်စ်စံချိန်တင် မုန်လာဥဖြူဟာ ၂၀၀၃ ခုနှစ်က ဂျပန်နိုင်ငံကပဲ စံချိန်တင်ခဲ့တဲ့ မုန်လာဥဖြူထက် ၁၅ ကီလိုဂရမ် (၃၃ပေါင်)နီးပါးပိုလေးပါတယ်။Manda Fermentation ရဲ့ထုတ်ကုန်တွေထဲကတစ်ခုက အသီးအနှံတွေ၊ အစေ့အဆန်တွေပင်လယ်ရေမှော်တွေ၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် ကုန်ကြမ်း ၅၃ မျိုးကျော်နဲ့ ပြုလုပ်ထားတဲ့ Manda Hakko အချဥ်ဖောက်ထားတဲ့အစားအစာထုတ်ကုန်ပါ။ အပင်ကြီးထွားမှုအတွက် အထူးပြုလုပ်ထားတဲ့ Manda Hakko ထုတ်ကုန်လည်းရှိပြီး စံချိန်တင် မုန်လာဥဖြူကို ဖန်တီးနိုင်စေခဲ့တဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။
စံချိန်တင်ခဲ့တဲ့ မုန်လာဥဖြူကအများအားဖြင့် အလေးချိန် ၁-၂ ကီလိုဂရမ် (၂.၂-၄.၄ပေါင်) နဲ့ ၆ ကီလိုဂရမ် (၁၃.၂ပေါင်) အသီးသီးရှိတဲ့ Sakurajimaမုန်လာဥဖြူနဲ့ Taibyo-Sobutori မုန်လာဥဖြူတို့မျိုးစပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန်မှာ မျိုးစေ့ချခဲ့တာပါ။ မုန်လာဥတွေကြီးထွားလာတာနဲ့ အပင်ရဲ့အမြစ်ကို မြေဆီလွှာနဲ့ ဖုံးထားပေးရပါတယ်။ မုန်လာဥတွေကြား ၁ မီတာကျော်ကွာဟထားရပါတယ်။ ရိတ်သိမ်းတဲ့နေ့မှာ ဝန်ထမ်းတွေက မြေဆီလွှာကနေ ကြီးမားတဲ့မုန်လာဥကို ဂရုတစိုက်ဆွဲနှုတ်ခဲ့ရပါတယ်။ မုန်လာဥရဲ့အလေးချိန်ကြောင့် ဝန်ထမ်း ၄ ဦးနဲ့တောင် တော်တော်ဆွဲနှုတ်ခဲ့ရတာပါ။
ဒီမုန်လာဥဖြူကို ကမ္ဘာ့အလေးဆုံးမုန်လာဥအဖြစ် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက တရားဝင်အသိအမှတ်ပြုထားပါတယ်။
Ref: Giant radish that weighs as much as a baby hippo is officially world’s heaviest
WL (ရိုးရာလေး)