က​မ္ဘာ့အလေးဆုံးမုန်လာဥဖြူ

22.3.2023-yyl-iamge-4-1.jpg

ဂျပန်နိုင်ငံက ကျန်းမာ​ရေးအစားအစာထုတ်ကုန်ကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့အလေးဆုံးမုန်လာဥဖြူကို စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။ ဒီမုန်လာဥဖြူက အလေးချိန် ၄၅.၈၆၅ ကီလိုဂရမ် (၁၀၁ ပေါင်) ရှိပြီး ရေမြင်းပေါက်အလေးချိန်လောက် ပါပဲ။

Manda Fermentation ကုမ္ပဏီက စိုက်ပျိုးခဲ့တဲ့ ဒီကမ္ဘာ့ဂင်းနက်စ်စံချိန်တင် မုန်လာဥဖြူဟာ ၂၀၀၃ ခုနှစ်က ဂျပန်နိုင်ငံကပဲ စံချိန်တင်ခဲ့တဲ့ မုန်လာဥဖြူထက် ၁၅ ကီလိုဂရမ် (၃၃ပေါင်)နီးပါးပိုလေးပါတယ်။Manda Fermentation ရဲ့ထုတ်ကုန်တွေထဲကတစ်ခုက အသီးအနှံ​တွေ၊ အစေ့အဆန်တွေပင်လယ်ရေမှော်တွေ၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် ကုန်ကြမ်း ၅၃ မျိုးကျော်နဲ့ ပြုလုပ်ထားတဲ့ Manda Hakko အချဥ်ဖောက်ထားတဲ့အစားအစာထုတ်ကုန်ပါ။ အပင်ကြီးထွားမှုအတွက် အထူးပြုလုပ်ထားတဲ့ Manda Hakko ထုတ်ကုန်လည်းရှိပြီး စံချိန်တင် မုန်လာဥဖြူကို ဖန်တီးနိုင်စေခဲ့တဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။

စံချိန်တင်ခဲ့တဲ့ မုန်လာဥဖြူကအများအားဖြင့် အလေးချိန် ၁-၂ ကီလိုဂရမ် (၂.၂-၄.၄ပေါင်) နဲ့ ၆ ကီလိုဂရမ် (၁၃.၂ပေါင်) အသီးသီးရှိတဲ့ Sakurajimaမုန်လာဥဖြူနဲ့ Taibyo-Sobutori မုန်လာဥဖြူတို့မျိုးစပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန်မှာ မျိုးစေ့ချခဲ့တာပါ။ မုန်လာဥတွေကြီးထွားလာတာနဲ့ အပင်ရဲ့အမြစ်ကို မြေဆီလွှာနဲ့ ဖုံးထားပေးရပါတယ်။ မုန်လာဥတွေကြား ၁ မီတာကျော်ကွာဟထားရပါတယ်။ ရိတ်သိမ်းတဲ့နေ့မှာ ဝန်ထမ်းတွေက မြေဆီလွှာကနေ ကြီးမားတဲ့မုန်လာဥကို ဂရုတစိုက်ဆွဲနှုတ်ခဲ့ရပါတယ်။ မုန်လာဥရဲ့အလေးချိန်ကြောင့် ဝန်ထမ်း ၄ ဦးနဲ့တောင် တော်တော်ဆွဲနှုတ်ခဲ့ရတာပါ။

ဒီမုန်လာဥဖြူကို ကမ္ဘာ့အလေးဆုံးမုန်လာဥအဖြစ် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက တရားဝင်အသိအမှတ်ပြုထားပါတယ်။

Ref: Giant radish that weighs as much as a baby hippo is officially world’s heaviest

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top