ရွှေအိပ်မက်” အစီအစဥ်၏ ပဉ္စမမြောက်ကံထူးရှင် အိပ်မက်ကို MPT မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့

23.3.2023-yyl-iamge-1.jpg

မြန်မာကျပ်ငွေ သိန်း (၄၀၀)ကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ နှင့် ဖြည့်စွက်စာများကို ရန်ကုန်မြို့ရှိ “ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ” သို့ MPT “ရွှေအိပ်မက်” အစီအစဉ်၏ ပဥ္စမမြောက် ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းကိုယ်စား မတ်လ(၁၉)ရက်နေ့တွင် MPT က သွားရောက် လှူဒါန်းခဲ့သည်။

“ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ”တွင် သက်ကြီးရွယ်အို စုစုပေါင်း ၁၄၀ ကျော်ရှိပါသည်။ ပဉ္စမမြောက်ကံထူးရှင် ဒေါ်နိုင်းစိမ်းသည် ချင်းပြည်နယ် မင်းတပ်မြို့မှဖြစ်ပြီး ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်း အမျိုးအစားအောက်တွင် (ကံထူးနံပါတ် ၇၀၅၃) ဖြင့် အနိုင်ရရှိခဲ့သည်။


MPT ရွှေအိပ်မက် အစီအစဥ်၏ ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းက “သက်ကြီးရွယ်အိုတွေအတွက် အာဟာရပြည့်ဝတဲ့အစားအစာ နဲ့ ဖြည့်စွက်စာတွေကို လှူဒါန်းချင်တဲ့ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့အတွက် MPT နဲ့ “ရွှေအိမ်မက်” အစီအစဥ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရသလို MPT လည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT သည် ရွှေအိပ်မက်”အစီအစဥ်မှ ကံထူးရှင်များအားလုံး၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

“ရွှေအိပ်မက်”အစီအစဥ်မှ ကံထူးရှင်များ၏ အသေးစိတ် အချက်အလက်များကို MPT ဝက်ဘ်ဆိုက် မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top