ဂျပန်တို့ရဲ့ ဂုဏ်ယူစရာ အသားမာများ

24.10.23-yyl-1.jpg

မီကိုရှီ(mikoshi) ပွဲတော်ဆိုတာ ရှင်တိုဘာသာဝင်တွေရဲ့ အရေးပါတဲ့ပွဲတော်တစ်ခုဖြစ်ပြီး အမျိုးသားတွေက ကျောင်းဆောင်တွေကို ထမ်းပိုးလှည့်လည်ကြပါတယ်။ ကျောင်းဆောင်တွေကို ထမ်းပိုးခွင့်ရတာဟာ ရှင်တိုဘာသာဝင်တွေအတွက် ဂုဏ်ယူစရာဖြစ်ပြီး တချို့တွေကတော့ နှစ်စဉ်နှစ်တိုင်း ပါဝင်လေ့ရှိကြပါတယ်။

ကျောင်းဆောင်ကို ထမ်းပိုးမယ့်သူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေထဲမှာ ရိုးရာဝတ်စုံပဲ ဝတ်ဆင်ရမယ်၊ နာကျင်မှုဝေဒနာဒဏ် ခံနိုင်အောင် မနက် ၆ နာရီလောက်ကတည်းက ဆန်နဲ့ချက်တဲ့ ဝိုင်ကို သောက်ထားရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

အလေးချိန် ၁ တန်ကျော် ရှိတဲ့ ကျောင်းဆောင်ကို ထမ်းပိုးရတာကြောင့် သူတို့ပခုံးတွေ ယောင်ယမ်းပြီး အသားမာတက်လာလေ့ရှိပါတယ်။ သူတို့အတွက်တော့ အဲဒီအသားမာက ဂုဏ်ယူစရာ အမှတ်အသားတစ်ခုပါပဲ။

Ref: Giant Shoulder Callouses – The Proud Mark of Carrying a God on Your Shoulders

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top