အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး ထိပ်တန်းသိပ္ပံဆု ဆွတ်ခူးသွားတဲ့ ၁၄ နှစ်သားလေး

23.10.23-yyl-4.jpg

အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားလေးက အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး နာမည်ကျော်သိပ္ပံပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် အန်နန်ဒဲလ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဟီမန်ဘီကီလီဟာ ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရတာ ဝါသနာထုံသူပါ။ သူဟာ မူလတန်းကျောင်းသားဘဝကတည်းက သောကြာနေ့တိုင်း အားလပ်ချိန် ၁ နာရီရတိုင်း စိတ်ကူးထဲကအရာတွေကို ဖန်တီးလေ့ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ အရေပြားကင်ဆာ သက်သာပျောက်ကင်းတဲ့နှုန်းဟာ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံတွေနဲ့ယှဉ်ရင် ၅ ပုံ၊ ၁ ပုံနီးပါး ကွာခြားနေတာကို သတိထားမိပြီး အခုလို ဖန်တီးဖို့ အကြံရခဲ့တာပါ။ သူဟာ ဆပ်ပြာထဲက ဒြပ်ပေါင်းတွေကို ပေါင်းစပ်ပြီး အရေပြားဆဲလ်တွေကို ကာကွယ်ပေးတဲ့ dendritic cell ( အန်တီဂျန်) တွေရဲ့ လုပ်ဆောင်မှုကို နှိုးဆွပေးနိုင်မယ့် ဆပ်ပြာဖန်တီးခဲ့တာပါ။အရေပြားကင်ဆာဟာ အမေရိကန်နိုင်ငံမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ကင်ဆာဖြစ်ပြီး နှစ်စဉ်ဆေးကုသမှုစရိတ် ဒေါ်လာ ၈.၁ ဘီလျံ ကုန်ကျပါတယ်။

ဟီမန်ဘီကီလီဟာ 3M Young Scientist Challenge သိပ္ပံပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးနိုင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပါတယ်။ သူဟာ လာမယ့် ၅ နှစ်အတွင်း သူ့ရဲ့တီထွင်မှုကို အဆင့်မြှင့်တင်ဖို့ မျှော်မှန်းထားပြီး လိုအပ်နေတဲ့ ဒေသတွေဆီ ကုန်ကျစရိတ်နည်းတဲ့ ဆပ်ပြာတွေ ဖြန့်ဖြူးပေးနိုင်ဖို့ အကျိုးအမြတ်အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ ဆန္ဒရှိနေပါတယ်။

Ref: 14-year-old Invents Soap for Treating Skin Cancer and Wins Top Honor as America’s Top Young Scientist

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top