ရက်ပ်ပါအဆိုတော် Takeoff ကို အောက်မေ့တသတဲ့အနေနဲ့ လုပ်ခဲ့တဲ့ ဧရာမတက်တူးက ကမ္ဘာဂင်းနက်စ်စံချိန်တင်

27.7.23-yyl-6.jpg

တက်တူးပညာရှင်အဖွဲ့တစ်ဖွဲ့က အမေရိကန်ရက်ပ်ပါအဆိုတော် Takeoff ရဲ့ပုံတူတက်တူးကြီးကို ဖန်တီးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ Atlanta Ink၊ Iron Palm Tattoos နဲ့ Pese Noir တက်တူးဆိုင်က ပညာရှင်တွေက ပူးပေါင်းပြီး ရက်ပ်ပါအဆိုတော်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံးတက်တူးလက်ရာကို ဖန်တီးခဲ့တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။

ဒီတက်တူးလက်ရာက ၇၉ စတုရန်းပေနဲ့ ၆ စတုန်းရန်းလက်မအကျယ်ရှိပါတယ်။ တက်တူးပညာရှင်တွေက လူလုပ်ဆီလီကွန်အရေခွံကြီးပေါ်မှာ ဒီရက်ပ်ပါအဆိုတော်ပုံတူတက်တူးကြီးဖန်တီးခဲ့ကြတာပါ။

ရက်ပ်ပါအဆိုတော် Takeoff ရဲ့နာမည်အရင်းက Krisnick Khari Ball ပါ။ Migos ဟစ်ဟော့အဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ အသတ်ခံရပြီး သေဆုံးခဲ့ရတာပါ။

Ref: Giant Tattoo Made As Tribute To Rapper Takeoff Sets Guinness World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top