အီလွန်မက်စ်ရဲ့ကောလိပ်ဘဝဓာတ်ပုံတွေ၊ ပစ္စည်းတွေကို ရည်းစားဟောင်းက လေလံတင်ရောင်းချ

13.9-2022-yyl-04.jpg

အီလွန်မက်စ်နဲ့ ဂျနီဖာတို့ ကျောင်းရဲ့လူပျိုဆောင်ရှေ့ ခုံတန်းမှ

ကောလိပ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်နဲ့ တွဲခဲ့တဲ့ အမျိုးသမီးဟာ သူတို့ချစ်သူတွေဖြစ်ခဲ့စဉ်က စုဆောင်းထားခဲ့တဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံတွေနဲ့ အခြားပစ္စည်းတွေကို လေလံတင်ရောင်းချနေပါတယ်။

ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ
ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ

အီလွန်မက်စ်ရဲ့ရည်းစားဟောင်းက ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ဂျနီဖာဂွင်းဆိုသူဖြစ်ပြီး သူ ရောင်းချထားတဲ့ပစ္စည်းတွေထဲမှာ အီလွန်မက်စ် လက်မှတ်ရေးထိုးထားတဲ့ (၁) ဒေါ်လာငွေစက္ကူ၊ သူ(မ) ဆီ ပေးပို့ခဲ့တဲ့ မွေးနေ့ဆုတောင်းကတ်နဲ့ ၁၉၉၄ ခုနှစ်မှာ မက်စ်က သူ့ကို လက်ဆောင်ပေးခဲ့တဲ့ 14k ရွှေဆွဲကြိုးတွေပါဝင်ပါတယ်။

ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ
လေလံဈေးအမြင့်ဆုံးရနေတဲ့ ဓာတ်ပုံ

ဂျနီဖာက သူ့ရဲ့လင်ပါသားအတွက် ကောလိပ်ကျူရှင်စရိတ်ပေးဖို့ ဘောစတွန်အခြေစိုက် RR Auction ကုမ္ပဏီကနေတဆင့် ပစ္စည်းတွေကို ရောင်းချနေတာပါ။ သူက မက်စ်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေအပါအဝင် မူရင်းဓာတ်ပုံ (၁၈) ပုံကိုလည်း ရောင်းချနေပါတယ်။ ၁၉၉၅ ခုနှစ်က ဓာတ်ပုံတစ်ပုံမှာ သူနဲ့မက်စ်တို့ ကျောင်းရဲ့လူပျိုဆောင်ရှေ့ ခုံတန်းမှာ ထိုင်နေကြပါတယ်။

ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ
ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ

မက်စ်ရဲ့အမေ မေရီဟာ ဖီလာဒဲလ်ဖီးယားမြို့က သူ့သားဆီကို အလည်အပတ်ခရီးလာစဉ်အတွင်း ဓာတ်ပုံရိုက်ပေးခဲ့တယ်လို့ ဂျနီဖာက RR Auction ကို ပြောပါတယ်။ “ကျွန်မ မှတ်မိရသလောက်တော့ ကျွန်မတို့ (၃) ယောက် Tommy ဂီတပွဲကို ကြည့်ဖို့ နယူးယောက်ကို ကားမောင်းသွားဖို့ စီစဉ်နေခဲ့တာပါ။ ဒီခရီးစဉ်တစ်ခုလုံးက မေရီဆီက ရရှိတဲ့ လက်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ နယူးယောက်ကို ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ အီလွန်ရဲ့ကားပျက်သွားခဲ့တယ်။ ဒါကြောင့် အီလွန်က ကားကိုကိုယ်တိုင်ပြင်နေတဲ့အတွက် ၅ နာရီလောက် အချိန်ကုန်သွားခဲ့ပါတယ်။ ကားပြင်လို့ပြီးသွားတော့ နယူးယောက်ကို သွားခဲ့ပြီး ပျော်စရာကောင်းခဲ့ပါတယ်”လို့ ဂျနီဖာက ပြန်ပြောပြပါတယ်။

သူငယ်ချင်းတွေနဲ့အတူရိုက်ထားတဲ့ အီလွန်မက်စ်နဲ့ ဂျနီဖာ
ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ

ပြီးခဲ့တဲ့လက စတင်တဲ့ အွန်လိုင်းလေလံတင်ရောင်းချမှုက ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးမှာပါ။ RR Auctionရဲ့ဝဘ်ဆိုဒ်မှာ ပစ္စည်းတစ်ခုချင်းစီက လေလံ (၃) ခုနဲ့ (၃၃) ခုကြား ရရှိထားပါတယ်။

ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ
ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ

တနင်္လာနေ့ကအထိ မက်စ်ရဲ့မွေးနေ့ဆုတောင်းကတ်က ဒေါ်လာ ၁၀၀၀၁ နဲ့ အမြင့်ဆုံးလေလံဆွဲထားပါတယ်။ လက်မှတ်ထိုးထားတဲ့ငွေစက္ကူက ဒေါ်လာ ၇၆၀၄ နဲ့ 14k ရွှေဆွဲကြိုးက ဒေါ်လာ ၆၀၀၀ အောက် ရရှိထားပါတယ်။ ဓာတ်ပုံတွေထဲကမှာ ဒေါ်လာ ၁၃၅၅ နဲ့ လေလံဈေးအမြင့်ဆုံးရထားတဲ့ ပုံကတော့ အဆောင်မှာ အီလွန်မက်စ် ကွန်ပျူတာရိုက်နေတဲ့ပုံပါပဲ။ ဆွဲကြိုးမှာ မက်စ်ရဲ့ဖခင် ပိုင်ဆိုင်တဲ့ ကျောက်တွင်းက ရတဲ့ မြကျောက်သေးသေးလေးတစ်ပွင့်ပါတယ်လို့ ဂျနီဖာက ပြောပါတယ်။

ရည်းစားဟောင်းဂျနီဖာ လေလံတင်ရောင်းချနေတဲ့ အီလွန်မက်စ်ရဲ့ဓာတ်ပုံ

အီလွန်မက်စ်နဲ့ ဂျနီဖာဂွင်းတို့ဟာ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ တွေ့ပြီး ၁၉၉၄ ခုနှစ်မှာ စတွဲခဲ့ကြတာပါ။ သူတို့ (၂) ယောက်ဟာ လွန်ခဲ့တဲ့ ၂၇ နှစ်က လမ်းခွဲပြီးကတည်းက စကားမပြောဖြစ်ခဲ့ကြဘူးလို့ သိရပါတယ်။

Ref: CBSNews “Elon Musk’s ex-girlfriend is auctioning college photos of him”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top