တရုတ်အွန်လိုင်းရှောပင်တွေမှာ မှတ်ဉာဏ်တုနည်းပညာသုံး ရောင်းသူတွေကို ပိုအသုံးပြုလာနေ

2.10.23-yyl-2.jpg

တရုတ်နိုင်ငံရဲ့ အွန်လိုင်းရှော့ပင်တွေကတော့ နေ့စဉ်နေ့တိုင်း ၂၄ နာရီပတ်လုံး ဈေးရောင်းနိုင်စွမ်းရှိတဲ့ မှတ်ဉာဏ်တုနည်းပညာသုံး ရောင်းသူတွေကို အသုံးပြုလာကြပါပြီ။

ဒီနေ့ခေတ်မှာ အွန်လိုင်းပေါ်က ဈေးဝယ်ယူမှု တဟုန်ထိုး မြင့်တက်လာပြီး Taobao ၊ Douyin အစရှိတဲ့ တရုတ်အွန်လိုင်းရှော့ပင် ပလက်ဖောင်းတွေပေါ်မှာ နာရီနဲ့အမျှ ပစ္စည်းထောင်သောင်းချီ ရောင်းချနေရပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ အရောင်းသမားတွေ လိုအပ်ပြီး ရိုက်ကူးရေးစရိတ်၊ အကူလုပ်သား အစရှိတဲ့ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်အွန်လိုင်းရှော့ပင် ပလက်ဖောင်းတွေပေါ်မှာ မှတ်ဉာဏ်တုနည်းပညာသုံး avatar တွေကို ပိုမိုအသုံးပြုလာကြတယ်လို့ MIT Technology Review မဂ္ဂဇင်းက ဖော်ပြပါတယ်။ ကျွမ်းကျင်တဲ့ အရောင်းသမားတွေ အနားယူ အိပ်စက်ချိန်မှာ မှတ်ဉာဏ်တုနည်းပညာသုံး avatar တွေကို အစားထိုး အသုံးပြုကြတာဖြစ်ပြီး သူတို့ပြောတဲ့ စကားနဲ့ နှုတ်ခမ်းလှုပ်ပုံ ကွဲလွဲနေတာကို သတိထားမိရာကနေ ဒီအကြောင်းကို တွေ့ရှိခဲ့တာပါ။

မှတ်ဉာဏ်တုနည်းပညာသုံး အရောင်းသမား avatar တစ်ခု ဖန်တီးဖို့အတွက် ယွမ် ၈၀၀၀ လောက် ကုန်ကျပြီး အဲဒီကုန်ကျစရိတ်ထဲမှာ တစ်နှစ်စာ ထိန်းသိမ်းပြုပြင်မှုစရိတ်လည်း ပါပြီးသားပါ။ နည်းပညာပိုမြင့်တဲ့ ပုံတူတွေကတော့ ကုန်ကျစရိတ် ဒီထက်ပိုများပါတယ်။ အွန်လိုင်းပေါ်က ဈေးရောင်းဖို့အတွက် လူသားတွေက ပစ္စည်းအမျိုးအစားနဲ့ ဈေးနှုန်းကိုပဲ ရိုက်ထည့်ပေးစရာ လိုအပ်ပြီး ကျန်တာကိုတော့ ပုံတူတွေက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Ref: China’s AI-Powered Online Sellers Can Sell You Stuff 24/7

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top