ပေါင် (၆၀၀) လောက်ကျသွားအောင် မယုံကြည်နိင်ဖွယ် စွမ်းဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး

15324196-0-image-a-40_1561633006597.jpg

အမေရိကန်နိုင်ငံက အသက် (၅၁) နှစ်အရွယ် မီလာကလာ့ခ်ဟာ (Milla Clark) ဟာ ကိုယ်အလေးချိန် ပေါင် (၇၅၀) အထိ အဝလွန်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ကိုယ်အလေးချိန် (၁၅၅) ပေါင်ပဲ ကျန်ရှိတော့အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။

အရင်က အလွန်အမင်း အဝလွန်နေသူ တစ်ယောက်အနေနဲ့ လုံးဝ မလှုပ်ရှားနိုင်ခဲ့တာကြောင့် အိမ်ရာထဲမှာပဲ သုံးနှစ်လောက် လှဲနေခဲ့ရတဲ့ မီလာ့အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးကိစ္စကအစ သားသမီးတွေက ပြုစုလုပ်ဆောင်ပေးခဲ့ကြရပါတယ်။

သူဟာ အခုအနေအထားအထိ ကိုယ်အလေးချိန် ချနိုင်ဖို့အတွက် TLC ရုပ်သံလိုင်းရဲ့ “My 600 lb Life” ဆိုတဲ့ အထူး ရုပ်သံ အစီအစဉ်မှာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ဒီအစီအစဉ်က တင်ဆက်ပေးခဲ့တဲ့ အဝလွန်နေသူတွေအတွက် ကိုယ်အလေးချိန် လျှော့ချပေးတဲ့ပြောင်းလဲမှုမှာ ထာဝရ အကြီးကျယ်ဆုံး ပြောင်းလဲနိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဝလွန်နေသူတွေအတွက် ကိုယ်အလေးချိန်လျှော့ချပေးတဲ့ပြောင်းလဲမှုမှာ ထာဝရအကြီးကျယ်ဆုံးပြောင်းလဲနိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့

သုံးနှစ်တိတိ ကြိုးပမ်းခဲ့ပြီးနောက်မှာ မယုံကြည်နိုင်ဖွယ်ရာကောင်းလောက်အောင် ပေါင် (၆၀၀) လောက် ကျသွားခဲ့ပြီး ကိုယ်အလေးချိန် ပေါင် (၁၅၀) ဖြစ်သွားခဲ့ချိန်မှာ လမ်းကောင်းကောင်း မလျှောက်တတ်တော့လို့ လမ်းလျှောက်ဖို့တောင် ပြန်သင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပေါင် (၁၅၀) ဖြစ်သွားခဲ့ချိန်မှာ လမ်းကောင်းကာင်းမလျှောက်တတ်တော့လို့ လမ်းလျှောက်ဖို့တောင် ပြန်သင်ခဲ့ရ

သူဟာ အိမ်ထောင်ကျစဉ်အချိန်တုန်းကလည်း အဝလွန်သူဖြစ်ပြီး ကလေးတစ်ယောက်ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပြီးတဲ့နောက် သားသမီးထပ်မွေးဖို့ မဖြစ်တဲ့ ကျန်းမာရေးအခြေအနေကြောင့် ကလေး (၄) ဦးကိုပဲ မွေးစားခဲ့ပါတယ်။

“အဲဒီလို အဝလွန်နေခဲ့တဲ့ကာလတွေတုန်းက နေ့ရက်တိုင်းဟာ ကျွန်မအတွက် ငရဲကျနေသလိုပါပဲ။ အိပ်ရာနဲ့ အိမ်ခန်းနံရံ လေးဖက်ကြားထဲမှာ သုံးနှစ်နီးပါး ပိတ်မိနေခဲ့ပြီး ဝမ်းနည်းမှုကို ရင်နဲ့မဆံ့အောင် ခံစားခဲ့ရပါတယ်။ ကိုယ်တိုင် လုပ်ကိုင်နိုင်တာဆိုလို့ စားတာနဲ့ အိပ်တာပဲရှိတော့တာလေ” လို့ ရင်ဖွင့်ခဲ့တဲ့ မီလာဟာ ဘဝရဲ့ အခက်ခဲဆုံး ခရီးကြမ်းကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Dailymail “Morbidly obese woman who was bedridden for three years”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top