ပြီးခဲ့တဲ့လပိုင်းအတွင်း သြစတြေးလျနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုအတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကို သိပ္ပံပညာရှင်တွေက ချင့်ချိန်သုံးသပ်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပူနွေးမှုက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အားကောင်းစေပြီး တောမီး လောင်ကျွမ်းမှု ဖြစ်ပွားနိုင်ခြေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း မြင့်တက်စေ တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
လက်ရှိ အလားအလာအတိုင်း ကမ္ဘာ့အပူချိန် ၂ ဒီဂရီစင်တီဂရိတ် မြင့်တက်လာမယ်ဆိုရင် သြစတြေးလျတောမီး လောင်ကျွမ်းမှုလို အခြေအနေမျိုး လေးကြိမ်ထက်မနည်း ဖြစ်ပွားလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ ၂၀၁၉-၂၀၂၀ တောမီးရာသီအတွင်း စံချိန်တင် အပူချိန်မြင့်တက်မှုနဲ့ လနဲ့ချီ ကြာမြင့်တဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သြစတြေးလျ နိုင်ငံတစ်ဝန်းမှာ တောမီးလောင်ကျွမ်းခံရတဲ့ မြေနေရာ အကျယ်အဝန်း ဟက်တာဧက ၁၁ သန်း ကျော်ရှိပြီး အနည်းဆုံး လူ ၃၃ဦးသေဆုံးခဲ့ပါတယ်။
Nz (ရိုးရာလေး)