လေယာဉ်မောင် ဟန်ဆောင်ပြီး လေကြောင်းခရီးစဉ် ၁၂၀ ကျော် လိုက်ပါစီးနင်းခဲ့သူ

airplane.jpg

လေယာဉ်မောင် အယောင်ဆောင်ပြီး လေကြောင်းခရီးစဉ် ၁၂၀ ကျော် လိုက်ပါစီးနင်းခဲ့တဲ့ ဖလော်ရီဒါပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ တီရွန်အလက်ဇန္ဒားဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ကြား ၆ နှစ်တာကာလအတွင်း လေယာဉ်မောင် ကတ်ပြားအတု၊ အထောက်အထားအတုတွေလုပ်ပြီး အနည်းဆုံး လေကြောင်းခရီးစဉ် ၃၄ ခုမှာ လိုက်ပါစီးနင်းခဲ့တာ ဖြစ်ပါတယ်။

သူဟာ လေကြောင်းလိုင်း အမျိုးမျိုးရဲ့ အမှတ်တံဆိပ်အတု ၃၀ နီးပါးလုပ်ပြီး ဟန်ဆောင် လိမ်ညာခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပါတယ်။ တီရွန်ဟာ ဒယ်တာလေကြောင်းလိုင်းရဲ့ လက်မှတ်အရောင်းဌာနမှာ အလုပ်လုပ်ဖူးတာကြောင့် လေကြောင်းလိုင်းတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လုံခြုံရေးစနစ်တွေအကြောင်း ကောင်းကောင်းသိပြီး ကာလရှည်ကြာ လိမ်ညာနိုင်ခဲ့တာဖြစ်မယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

Ref: Florida man is facing up to 30 years in prison after being convicted of impersonating a flight attendant

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top