ခြေထောက် ကြွက်တက်ခြင်း ကင်းဝေးအောင်

woman-runner-warming-up-on-park-XNSKYPM.jpg

ညဘက်မှာ ခြေထောက် ကြွက်တက်တာမျိုး ဖြစ်ဖူးပါသလား။ အရမ်းနာကျင်တဲ့အတွက် အိပ်ရာကနေ လန့်နိုးတဲ့အထိ ဆိုးရွားတဲ့ အခြေအနေမျိုး ကြုံဖူးတဲ့လူလည်း ရှိမှာပါ။

ဒါပေမဲ့ တစ်ခါတလေကျပြန်တော့ ခြေထောက်ကြွက်တက်တာက ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ဆီ အမြန်သွားပြဖို့ လိုပါပြီ။

ခြေထောက် ကြွက်တက်တာ ကင်းဝေးစေဖို့ နည်းလမ်းများစွာ ရှိပါတယ်။

အကြောအချဉ်တွေ ဆန့်ထုတ်ပါ

ကြွက်တက်တာသက်သာစေဖို့ တဘက်လေးကို လိပ်ပြီး အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ် မတ်မတ်ထိုင်ပြီး ခြေထောက်တွေကို ဆန့်တန်းထားရမှာပါ။ ခြေဖဝါးကို တဘက်နဲ့ချည်ပြီး ခန္ဓာကိုယ်ဘက်ဆီကို ဆွဲရမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်စဉ်မှာ အရေးကြီးတာက ဒူးဆန့်ထားဖို့ပါ။ ဒါမှသာကြွက်တက်တာ သက်သာမှာပါ။

စက်ဘီးစီးပါ

ကြွက်တက်တာကို မယုံနိုင်လောက်အောင် သက်သာစေတာက စက်ဘီးစီးခြင်းပါ။ စက်ဘီးစီးတဲ့ လှုပ်ရှားမှုက သင့် ခြေထောက် ကြွက်သားကို ဆန့်တန်းပေးပါတယ်။

ရေလုံလုံလောက်လောက်သောက်ပါ

လျှပ်ပျော်ရည်တွေ မမျှတခြင်းနှင့် ရေဓာတ်ခန်းခြောက်မှုတို့ကလည်း ကြွက်တက်ခြင်းကို ဖြစ်စေပါတယ်။ ဒီအခြေအနေတွေကို သက်သာ ပျောက်ကင်းစေဖို့ ရေသောက်ပေးရပါမယ်။

ဗီတာမင်မှီဝဲပါ

ကြွက်တက်ခြင်းကို ပျောက်ကင်းစေမှာက ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်တွေပါ။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ စပျစ်သီး၊ လိမ္မော်သီးနှင့် ဂေါ်ဖီထုပ်တို့လည်း စားလို့ရပါတယ်။

ဒီနည်းလမ်းလေးတွေ ပြုလုပ်ပေးရင် ခြေထောက် ကြွက်တက်တာ သက်သာစေမှာပါ။ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ ခြေထောက် ကြွက်တက်သူတွေရှိရင်လည်း ဒီစာလေးကို လက်ဆင့်ကမ်းဝေမျှပေးပါ…..။

Ref: Fabiosa: 6 tips prevent nocturnal leg cramps

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top