တောင်ကိုရီးယားနိုင်ငံ အင်ချွန်း မြို့တွင်ကစားသွားမယ့် ကာဂျစ္စတန်နှင့်မြန်မာ အာရှဖလား ခြေစစ်ပွဲစဉ်

9-7-2020-yyl-027.jpg

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) လက်ကျန်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ကာဂျစ္စတန်နှင့်မြန်မာ ပွဲစဉ်ကို ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ Incheon Football Stadium တွင် ယှဉ်ပြိုင်ကစားရန် အာရှဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ တရားဝင်စာပေးပို့ အကြောင်းကြားလိုက်သည်။ အဆိုပါ ပွဲစဉ်ကို ကနဦး ဆုံးဖြတ်ထားသည့် ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲကစားမည့်အချိန် Kick Off Time ကိုမူ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

မြန်မာနှင့် ကာဂျစ်တို့သည် ပထမ အကျော့က ရန်ကုန်တွင် (၂-၂)ဂိုး သရေကျခဲ့ပြီး အုပ်စုတက် ရေးအတွက် ဒုတိယအကျော့ ပွဲစဉ်သည် နှစ်သင်းစလုံးအတွက် အရေးပါဆုံး အဆုံးအဖြတ် ပွဲစဉ်လည်း ဖြစ်သည်။ မြန်မာအသင်းသည် ကာဂျစ္စတန်နှင့် ပွဲကျန် ကစားပြီးနောက် ၅ ရက်အကြာ မတ်လ ၂၇ ရက်နေ့တွင် မကာအို လက်ရွေးစင် အသင်းနှင့် ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်သည်။ လက်ရှိအနေအထားအရ အုပ်စု(က)တွင် အိန္ဒိယ အသင်းက တစ်ပွဲကျန် ရမှတ် ၁၃ မှတ်ဖြင့် အုပ်စု ပထမ ၊ ကာဂျစ်အသင်းက နှစ်ပွဲကျန် ရမှတ် (၇)မှတ်ဖြင့် အုပ်စု ဒုတိယ၊ မြန်မာအသင်းက နှစ်ပွဲကျန် ရမှတ်(၅)မှတ်ဖြင့် အုပ်စု တတိယ ရပ်တည်လျက်ရှိပြီး မကာအို အသင်းမှာမူ တစ်ပွဲကျန် ရမှတ်သုည ဖြင့်အသီးသီး ရပ်တည်လျက်ရှိသည်။ရန်ကုန်မြို့တွင် ကျင်းပမည့် အာရှဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သည့် မြန်မာနှင့်မကာအို ပွဲစဉ်အတွက် ကွင်းဝင်ကြေး နှင့် ကြိုတင်လက်မှတ် ရောင်းချမည့် နေရာတို့ကို ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
Ref: MFF

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top