၂၀၁၈ အော်စကာဆုပေးပွဲမှာ ဆုရဖို့မဲများနေတဲ့ “The Shape of Water”

the.jpg

အကြိမ်၉၀မြောက် အကယ်ဒမီဆုပေးပွဲအတွက် ဇကာတင်ဇာတ်ကားစာရင်း ထုတ်ပြန်ပြီးနောက်မှာ “The shape of Water” ဇာတ်ကားက nomination ၁၃ ခုရရှိပြီး ထိပ်ဆုံးက နေရာယူထားပါတယ်။

Nomination များစွာရရှိထားတဲ့ အခြားသောဇာတ်ကားတွေက “Three Billboards Outside Ebbing” ၊ “Call Me by Your Name” ၊ “Dark Hour” နှင့် “The Post”တို့ပဲဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကိုတော့ မတ်လ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ အချိန်သတ်မှတ်ထားပါတယ်။The Shape of Water ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းချုံးလေးပြောပြမယ်နော်…။ ဒီကားကို ဒါရိုက်တာ Guillermo Del Toro ကရိုက်ကူးတာဖြစ်ပြီး Sally Hawkins ၊ MichaelShannon၊DougJones နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်ခဲ့ကြပါတယ်။ ဇာတ်လမ်း က လျှို့ဝှက်အစိုးရ အဖွဲ့အစည်းတစ်ခုမှာ တံခါးစောင့် အဖြစ်လုပ်ကိုင်နေတဲ့ ဆွံ့အအမျိုးသမီး Elisa (Sally Hawkins)ရဲ့ အကြောင်းဖြစ်စဉ်မှတ်တမ်းဖြစ်ပါတယ်။သူမအလုပ်လုပ်နေစဉ်မှာ ရေစည်ပိုင်းထဲမှာဖမ်းဆီးထည်းသိမ်းထားတဲ့ လူပုံသဏ္ဍန်ရှိတဲ့ ကုန်းနေရေနေသတ္တဝါနဲ့ သူမသိကျွမ်းခဲ့ပါတယ်။ဒီသတ္တဝါကြီးနဲ့သူမက ခင်မင်မှုတွေတိုးလာတာကြောင့် သူ့ကို ကယ်တင်ထားပြီး သူမတိုက်ခန်းထဲမှာ ထည့်ဝှက်ပေးထားတဲ့ အထိပြုလုပ်ပေးခဲ့တာပါ။ ဒီသတ္တဝါကြီးကို လိုက်ဖမ်းနေတဲ့လူတွေကို သူတို့နှစ်ဦးသားရင်ဆိုင်ကျော်လွှားရပုံတွေနဲ့နောက်ဆုံးမှာ သူ့ရဲ့လာရာလမ်းကြာင်းဖြစ်တဲ့ ပင်လယ်ကြီးဆီ ဘယ်လိုမျိုး လမ်းကြောင်းရှာ ပြန်သွားမလဲ ဆိုတာ နဲ့ ဇာတ်လမ်းဆက်ပျိုးသွားပါတယ်။

၂၀၁၇ ဒီဇင်ဘာလက အမေရိကန်မှာ ထုတ်လွှင့်ခဲ့ပြီး “The Shape of Water” ဇာတ်ကားက ရုံတင်ချိန်မှာ ပျမ်းမျှဒေါ်လာ ၄၁ သန်းရရှိခဲ့ပါတယ်။ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း ဆု ၇ ဆုမှန်းထားခဲ့ပြီး ဆု ၂ ဆုရရှိခဲ့ပါတယ်။အခုလည်း အကြိမ် ၉၀ မြောက် အကယ်ဒမီဆုပေးပွဲရဲ့ nomination list ထဲမှာထိပ်ဆုံးကပြေးနေပါတယ်။

Ref: Fabiosa: 2018 Oscar Awards: ‘The Shape Of Water’ Takes The Lead With 13 Nominations
May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top