ကမ္ဘာ့အာနိသင်အကောင်းဆုံး သွေးကျဲစေတဲ့အရာကို မျှော့တွေက ထုတ်ပေး

20-6-2022-yyl36.jpg

မျှော့တစ်ကောင်မှာ ဦးနှောက် ၃၂ လုံး၊ အစာအိမ် ၁၀ လုံး၊ နှလုံး ၂ ခု၊ မေးရိုး ၃ ခုနဲ့ သွားအချောင်းရေ ၃၀၀၊ မျက်လုံး ၅ စုံ ပါဝင်ပါတယ်။ မျှော့တွေမှာ အဖိုမျိုးပွားအင်္ဂါနဲ့ အမမျိုးပွားအင်္ဂါ ၂ ခုလုံး ပါဝင်ပေမဲ့ အင်္ဂါ ၂ ခုလုံး တပြိုင်တည်း အလုပ်မလုပ်တဲ့အတွက် မိတ်လိုက်ဖော်တော့ ရှာဖွေရပါတယ်။

မျှော့တွေက သွေးအများအပြား စုပ်ယူလေ့ရှိပြီး သွေးစုပ်တဲ့အခါ ထုံစေတဲ့အရာနဲ့ သွေးကျဲစေတဲ့အရာကို ထုတ်ပေးလို့ သွေးစုပ်ခံနေရသူက နာကျင်မှုကို သိပ်သတိမထားမိပါဘူး။ မျှော့တွေဆီက ထုတ်ပေးတဲ့ သွေးကျဲစေတဲ့အရာကို သွေးမခဲအောင် ကုသဖို့ အသုံးပြုလေ့ရှိပြီး ဆေးဝါးထုတ်လုပ်ဖို့လည်း အသုံးပြုပါတယ်။ မျှော့တွေဆီကထွက်တဲ့ သွေးကျဲစေတဲ့အရာဟာ ကမ္ဘာပေါ်မှာ အာနိသင်အကောင်းဆုံးဖြစ်လို့ပါပဲ။

Ref: Guardian

NZ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top