ရုံတင်ငွေ ကန်ဒေါ်လာ သန်း၈၀ နဲ့အဖွင့်လှခဲ့တဲ့ ‘Godzilla x Kong: The New Empire’ ဇာတ်ကား

2.4.24-yyl-6.jpg

မကြာသေးခင်ကမှ ရုံတင်ပြသနေတဲ့ ‘Godzilla x Kong: The New Empire’ ဇာတ်ကားဟာဆိုရင် ပထမအပတ်မှာတင် ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၈၀ အထိ ရောက်ရှိသွားခဲ့ပါပြီ။ အကောင်ကြီး နှစ်ကောင်ပေါင်းစည်းကြမယ့် ဒီဇာတ်ကားက အဖွင့်လှခဲ့ပြီး Box Office ရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က နံပါတ် ၁ ဖြစ်ခဲ့တဲ့ “ Ghostbusters: Frozen Empire”က နှစ်ပတ်အတွင်း ရုံတင်ငွေကန်ဒေါ်လာ ၇၃.၄ သန်းနဲ့ ဒုတိယနေရာရောက်ရှိသွားခဲ့ပါတယ်။ “Dune Part Two” ကတော့ ၅ ပတ်မြောက်မှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၂၁ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Godzilla x Kong ဇာတ်ကားတော့ အဖွင့်ရက်သတ္တပတ်မှာ ကန်ဒေါ်လာ ၄၈.၅ သန်းပဲရရှိခဲ့တာပါ။ လက်ရှိပြသနေတဲ့ Godzilla x Kong: The New Empire’ မှာ Godzilla နဲ့ Kong တို့နှစ်ကောင်ပေါင်းပြီး လူသားမျိုးနွယ်ကိုသာမက သူတို့ဖြစ်တည်မှုကိုပါ အန္တရာယ်ပေးလာနိုင်အောင် ကြီးမားကြမ်းတမ်းတဲ့ ရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ကြပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: ‘Godzilla x Kong: The New Empire’ roars to $80M opening

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top