ဂျပန် ဝန်ကြီးက မိဘခွင့် ၂ ပတ်ယူမယ့်အတွက် အလုပ်ဖိအားများတဲ့ ဂျပန်နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်

yyl-019-6.jpg

ရင်သွေးလေး မွေးဖွားလာရင် မိဘခွင့်ယူဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ကိုအိဇုမိက ပြောပါတယ်။ ဒါဟာ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်က မိဘခွင့်ယူတဲ့ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။ အဲဒီအတွက် ကိုအိဇုမိရဲ့ ဆုံးဖြတ်ချက်က ဂျပန်နိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်စေခဲ့ပါတယ်။ ဇနီးဖြစ်သူ မီးဖွားပြီးရင် ပထမလအတွင်း သီတင်းပတ်(၂)ပတ် ခွင့်ယူမယ်လို့ ကိုအိဇုမိက ပြောပါတယ်။

ကိုအိဇုမိရဲ့ဇနီး တာကီဂါဝါဟာ အခုလနှောင်းပိုင်းကျရင် မီးဖွားဖို့ ရှိနေပါတယ်။ ဂျပန်နိုင်ငံမှာ ရင်သွေးမွေးဖွားလာရင် မိခင်တွေရော၊ ဖခင်တွေပါ တစ်နှစ်အထိ ခွင့်ယူခွင့် ရှိပါတယ်။ ဒါပေမဲ့ အလုပ်ဆက်လုပ်ရမယ့်ဖိအားကြောင့် ၂၀၁၈ ခုနှစ်မှာ အဲဒီလိုခွင့်ယူတဲ့ ဖခင်က ၆ ရာခိုင်နှုန်းပဲရှိပါတယ်။ အမျိုးသမီး ၈၂ ရာခိုင်နှုန်းကတော့ မီးဖွားခွင့် ယူကြပါတယ်။ ခွင့်ယူထားချိန်မှာ အီးမေးလ်နဲ့ ရုပ်သံမှတ်တမ်းမှတစ်ဆင့် စည်းဝေးမှုတွေ ပိုလုပ်ပြီး စီးပွားရေးအစည်းအဝေးပွဲတွေ တက်ရောက်ဖို့ လိုအပ်လာရင်လည်း ကိုယ်စားတက်ရောက်ခိုင်းမယ်လို့ ကိုအိဇုမိက ပြောပါတယ်။ ဒါပေမဲ့ လွှတ်တော်အစည်းအဝေးလို အရေးကြီးတဲ့ ပြည်သူ့အရေး လှုပ်ရှားမှုတွေကိုတော့ မတက်မနေ တက်ရောက်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top