၇ ရာစု ရွှေဒင်္ဂါးပြား ၄၄ ပြားကို အစ္စရေးရှေးဟောင်းပညာရှင်တွေ တူးဖော်တွေ့ရှိ

3-10-2022-yyl40.jpg

သဘာဝထိန်းသိမ်းရေးနယ်မြေရဲ့ နံရံတစ်ခုထဲကနေ ၇ ရာစု ရွှေဒင်္ဂါးပြား ၄၄ ပြားကို အစ္စရေး ရှေးဟောင်းပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ သက္ကရာဇ် ၆၃၅ ခုနှစ်က အဲဒီနယ်မြေကို မွတ်စလင်တွေ သိမ်းပိုက်ခဲ့ပြီးနောက် ဟာမွန်စမ်းချောင်းနားက ဒီနေရာမှာ ရွှေဒင်္ဂါးပြားတွေ ဝှက်ထားခဲ့တာလို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ရွှေဒင်္ဂါးပြားတွေက အလေးချိန် ၁၇၀ ဂရမ်ရှိပြီး အဲဒီနေရာမှာ ဘိုင်ဇန်တိုင်းခေတ် အဆုံးသတ်မှုကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။ ဘိုင်ဇန်တိုင်းအင်ပါယာဟာ ရိုမန်အင်ပါယာရဲ့ အရှေ့ဘက်တစ်ခြမ်းဖြစ်ပြီး နှစ် ၁၀၀၀ ကျော် တည်မြဲခဲ့တာပါ။” စစ်မက်ကြုံရချိန်မှာ ပိုင်ရှင်က တစ်နေ့နေ့ ပြန်လာယူမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ဥစ္စာကို ဝှက်ထားခဲ့တာလို့ ယူဆပါတယ်” လို့ တူးဖော်ရေးဒါရိုက်တာ ယိုအက်လီရာက ပြောပါတယ်။

ရှေးဟောင်းမြို့ရဲ့ လူနေ ဒေသကို တူးဖော်ရာမှာ ရွှေဒင်္ဂါးပြားတွေအပြင် အဆောက်အအုံ အပျက်အစီးအပိုင်းအစတွေ၊ ရေမြောင်းတွေ၊ ပိုက်တွေ၊ ကြေးဒင်္ဂါးတွေနဲ့ တခြားအရာတွေ တူးဖော်တွေ့ရှိခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။

Ref: Gold coins hidden in 7th Century found in wall

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply