ဗင်နီဇွဲလား တရားသူကြီးချုပ်ကို အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၅ သန်း ဆုကြေးထုတ်

23-7-2020-yyl-009.jpg

ဗင်နီဇွဲလားတရားသူကြီးချုပ် မိုရီနိုကို စီရင်ချက်ချမှတ်နိုင်လောက်အောင် ဒါမှမဟုတ် ဖမ်းဆီးနိုင်လောက်အောင် သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၅ သန်း ဆုချီးမြှင့်သွားမယ်လို့ အမေရိကန်နိုင်ငံက ကမ်းလှမ်းထားပါတယ်။ မိုရီနိုဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ အုပ်စုဖွဲ့ ဒုစရိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲထားပါတယ်။ မိုရီနိုကတော့ အမေရိကန်နိုင်ငံရဲ့ စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ မိုရီနိုဟာ သမ္မတ မာဒူရိုရဲ့အစိုးရအဖွဲ့ထဲမှာ အခုနောက်ဆုံး အမေရိကန်နိုင်ငံက ဆုကြေးဒေါ်လာသန်းချီ ထုတ်ခဲ့ရသူဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံက သမ္မတမာဒူရိုရဲ့အစိုးရအဖွဲ့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမရှိပေ။ အသက် ၅၄ နှစ်ရှိတဲ့ မိုရီနိုဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဗင်နီဇွဲလားနိုင်ငံ အထက်တရားရုံးချုပ်ကို ဦးဆောင်ခဲ့သူပါ။

အထက်တရားရုံးချုပ်ဟာ (မာဒူရိုအစိုးရအဖွဲ့ မထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့)အမျိုးသားလွှတ်တော်က အတည်ပြုတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ကျော်လွန်ဆုံးဖြတ်တာမျိုးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ မိုရီနိုဟာ လာဘ်စားပြီး တရားပြိုင်တွေကို လွှတ်ပေးဖို့၊ အမှုတွေကို ရုပ်သိမ်းပေးဖို့ တရားသူကြီးတွေကို ညွှန်ကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။ မိုရီနိုဟာ အခုနှစ်အစောပိုင်းက ဖလော်ရီဒါပြည်နယ် တရားရုံးမှာ ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top