ပစ်ခတ်မှုဖြစ်ချိန်မှာ ကျောင်းသား/သူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး အသက်စွန့်သွားခဲ့တဲ့ ဆရာမ

26-5-2022-yyl-01.jpg

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့မှာရှိတဲ့ ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်ခံရချိန်မှာ ဆရာမ အာမာဂါစီယာက အတန်းထဲမှာရှိတဲ့ ကျောင်းသား/သူတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ပေးပြီး သူရဲကောင်းဆန်ဆန် အသက်စွန့်သွားခဲ့တာပါ။ ဂါစီယာက အသက် ၄၆ နှစ် ရှိပါပြီ။ ၂၃ နှစ်သမီးကတည်းက ရော့ဘ်မူလတန်းကျောင်းမှာ စာသင်လာခဲ့သူပါ။ ၂၀၁၉ ခုနှစ်မှာ ကျောင်းခရိုင်ရဲ့တစ်နှစ်တာအထူးချွန်ဆုံး ဆရာမအဖြစ် ရွေးချယ်ခံခဲ့ဖူးရပါတယ်။

ဆရာမ ဂါစီယာက ကျောင်းသား/သူတွေ မထိအောင် သူ့ကိုယ်နဲ့ကာကွယ်ပေးထားခဲ့တယ်ဆိုတာကို ပစ်ခတ်မှုဖြစ်ပွားနေတုန်း စာသင်ကျောင်းဆီ ရောက်လာတဲ့ တရားဥပဒေစိုးမိုးရေးအရာရှိက ပြန်ပြောပြခဲ့တာပါ။

ဂါစီယာက အိမ်ထောင်သက်တမ်း ၂၄ နှစ် ရှိပါပြီ။ သူက အားလပ်ချိန်ဆိုရင် သူ့ခင်ပွန်းနဲ့ အသားကင်လုပ်စားရတာ၊ သီချင်းနားထောင်ရတာကို နှစ်သက်သူပါ။ အခုတော့ ခင်ပွန်းနှင့် သားသမီး ၄ ယောက်ကို စွန့်ခွာသွားခဲ့ပါပြီ။ ဒီပစ်ခတ်မှုမှာ ကျောင်းသား/သူ ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့ပါတယ်။

Ref: BBC “Texas shooting victims: ‘The sweetest little boy I’ve ever known'”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top