တစ်ချိန်က အိမ်မဲ့ယာမဲ့ ဖြစ်ခဲ့ဖူးတဲ့ ကျော်ကြားသူတွေ

29695397_233419000735403_8747143946966609800_n.jpg

ကိုယ်တွေ အားကျနေရတဲ့ ကျော်ကြားသူတွေထဲမှာလည်း သာမန်ထက်တောင်နိမ့်ပါးတဲ့ ဘဝကနေ လာခဲ့ရသူတွေ ရှိနေလို့ အားလုံးပဲ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေအတွက် စိတ်ဓာတ်ခွန်အား မလျော့စေချင်ပါဘူး။

ဟီလာရီ ဆွမ့် (Hilary Swank)

ဟီလာရီ ဆွမ့် (Hilary Swank) ရဲ့မိဘတွေက သူမအသက် ၁၃ နှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ဟီလာရီ နဲ့သူမအမေဟာ သူမရဲ့သရုပ်ဆောင်ရည်မှန်းချက်အတွက် လော့စ် အန်ဂျလိစ် (Los Angeles) ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုက်ခန်းအတွက် လုံလောက်တဲ့ငွေကို မစုမိသေးခင်အထိ သူတို့ကားထဲမှာပဲ နေထိုင်ခဲ့ပြီး အစမ်းသရုပ်ဆောင်ပွဲတွေကို အများသုံးတယ်လီဖုန်းကနေ စာရင်းပေးခဲ့ရပါတယ်။

ဂျင်မ် ကာရေး (Jim Carrey)

ဂျင်မ် ကာရေး (Jim Carrey) ဟာ အရမ်းနေမကောင်းဖြစ်နေတဲ့ သူ့ရဲ့ အမေကို စောင့်ရှောက်ဖို့အတွက် အသက် ၁၆ နှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။ နောက်ပြီး သူတို့ရဲ့ VW ဘတ်စ်ကားကို အိမ်လုပ်ပြီး နေထိုင်ခဲ့ရဖူးပါတယ်။

ဆယ်လ်ဗက်စတာ စတားလုံး (Sylvester Stallone)

တိုက်ခန်းက နှင်ထုတ်ခံရပြီးနောက် စတားလုံး (Stallone)ဟာ ခဏတာ အိမ်ယာမဲ့ ဖြစ်ခဲ့ပါတယ်။ 1970 ခုနှစ်က ညစ်ညမ်းရုပ်ရှင် “The Party at Kitty and Stud’s” အတွက် ကြော်ငြာဆိုင်းဘုတ်ကို မတွေ့ခင်အထိ နယူးယောခ် (New York) ရဲ့ ဆိပ်ကမ်းအာဏာပိုင် ရထားဘူတာရုံမှာ အိပ်ခဲ့ရပါတယ်။ သူစတင်ရရှိခဲ့တဲ့ ဒေါ်လာ ၂၀၀ က သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒန်နီရယ်လ် ခရိတ်ခ်ျ (Daniel Craig)

ဂျိမ်းစ်ဘွန်း (James Bond) ဇာတ်ရုပ်နဲ့ ကျော်ကြားလူသိများလှတဲ့ ဒန်နီရယ်လ် ခရိတ်ခ်ျ (Daniel Craig) ဟာလည်း ရုန်းကန်လှုပ်ရှားခဲ့ရဖူးပြီးလန်ဒန်က ပန်းခြံခုံတန်းရှည်မှာ အိပ်ခဲ့ရဖူးသူပါ။

ဟေလီ ဘယ်ရီ (Halle Berry)

ဟေလီ ဘယ်ရီ (Halle Berry)ကတော့ အသက် ၂၁ နှစ်မှာ ဟောလီးဝုဒ်ကိုသွားပြီး အသက်မွေးဝမ်းကြောင်းဖို့ ကြိုးစားတာကို သူမရဲ့အမေသဘောမတူခဲ့တာကြောင့် အိမ်ယာမဲ့တွေကို ခိုလှုံခွင့်ပေးတဲ့နေရာမှာ သွားနေခဲ့ဖူးပါတယ်။

ဂျနီဖာလိုပက်ဇ် (Jennifer Lopez)

ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ဟာလည်း ဟောလီးဝုဒ်မှာ အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မိဘတွေက သဘောမတူတဲ့နောက် အသက် ၁၈ နှစ်အရွယ်နဲ့ တခြားအိမ်မှာ ယာယီနေထိုင်ခဲ့ပါတယ်။

ဂျီမွန် ဟွန်ဆူး (Djimon Hounsou)

“In America” နဲ့ “Blood Diamond” ရုပ်ရှင်ကားတွေအတွက် အော်စကာဆန်ခါတင် ဝင်ဖူးတဲ့ ဂျီမွန် ဟွန်ဆူး (Djimon Hounsou) ဟာ ပဲရစ် (Paris) မှာ ဆယ်ကျော်သက်တုန်းက အိမ်ယာမဲ့အဖြစ် နေထိုင်ခဲ့ရပါတယ်။

လီ ကင်မ် (Lil Kim)

လီ ကင်မ် (Lil Kim) ရဲ့ အဖေဟာ သူမကို ဆယ်ကျော်သက်အရွယ်မှာ စွန့်ပစ်ခဲ့တာကြောင့် ဘရွတ်ကလင်း (Brooklyn) မှာ ခဏတာ အိမ်ယာမဲ့ အဖြစ်နေထိုင်ခဲ့ရပါတယ်။

ကာမင် အလက်ထရာ (Carmen Electra)

ချစ်သူက ကာမင် စုထားသမျှ ပိုင်ဆိုင်မှုအားလုံးကို ခိုးသွားပြီးနောက် အားကိုးရာမဲ့ဖြစ်ပြီး အိမ်ရာမဲ့ဖြစ်ခဲ့ပါတယ်လို့ ၂၀၀၉ ခုနှစ်က လတ်စ်ဗေးဂတ်စ် (Las Vegas Review) ဂျာနယ်ကို ပြောပြခဲ့ပါတယ်။

ဂျူဝဲလ် (Jewel)

ကျော်ကြားမှုဆိုတာ မရှိလာသေးခင် ဂျူဝဲလ် (Jewel) ဟာ သူမရဲ့ဗန်ကားထဲမှာ နေထိုင်ပြီး ငွေရဖို့ အလုပ်လုပ်နိုင်မဲ့ နေရာမှန်သမျှကို လှည့်လည်သွားလာ နေခဲ့ရဖူးပါတယ်။

Ref:newsrepublic.net

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top