ရင်သွေးအလောင်းကို ကျောပေါ်တင် ကူးခတ်ပြီး ဝမ်းနည်းပူဆွေးမှုပြသနေတဲ့ ဝေလငါးအမ

3.1.2025-yyl-3.png

သေဆုံးသွားတဲ့ ရင်သွေးကို ကျောပေါ်တင်ပြီး မိုင် ၁၀၀၀ ကျော် အကွာအဝေးအထိ ကူးခတ်ခဲ့ဖူးတဲ့ ဝေလငါးအမဟာ နောက်ထပ်သားပေါက်တစ်ကောင်ကို ထပ်မံဆုံးရှုံးခဲ့ရပြီး အလားတူလုပ်ရပ်များနဲ့ ဝမ်းနည်းပူဆွေးမှုကို ပြသခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တာလီကွာ (သို့မဟုတ်) J35 လို့ အမည်ပေးထားတဲ့ ဝေလငါးအမဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အနောက်မြောက်ကမ်းရိုးတန်းမှာရှိတဲ့ ဖူးဂတ်ဆောင်း ဧရိယာတစ်ဝိုက်မှာ ရင်သွေးအလောင်းကို ကျောပေါ်တင်ပြီး ကူးခတ်နေခဲ့ကြောင်း ဝါရှင်တန်ပြည်နယ်အခြေစိုက် ဝေလငါးသုတေသနစင်တာမှ တွေ့ရှိခဲ့တာပါ။

တာလီကွာဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း သေဆုံးသွားတဲ့ ရင်သွေးအလောင်းကို ကျောပေါ်တင်ပြီး ဆာလစ်ပင်လယ်ထဲမှာ ၁၇ ရက်ကြာ ကူးခတ်ကာ ဝမ်းနည်းပူဆွေးမှု ပြသခဲ့ဖူးတာကြောင့် သတင်းစာမျက်နှာတွေမှာ ဖော်ပြခံခဲ့ရဖူးပါတယ်။ တာလီကွာရဲ့ သေဆုံးသွားတဲ့ ရင်သွေးနှစ်ကောင်လုံးဟာ ဝေလငါးအမတွေဖြစ်ပြီး ဒီဖြစ်ရပ်ဟာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ အသားစားဝေလငါးအရေအတွက် သိသိသာသာ ကျဆင်းလာမှုကို မီးမောင်းထိုးပြနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အသားစားဝေလငါး အကောင်ရေဟာ ၇၃ ကောင်သာ ကျန်ရှိတော့ပြီး မျိုးပွားနိုင်တဲ့ ဝေလငါးအမအကောင်ရေ ၂၃ ကောင်သာ ရှိတော့တယ်လို့ ဖော်ပြထားပါတယ်။

Ref: Grieving killer whale who carried calf’s body spotted again with dead baby
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top