ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်ဆိုင်ရာ စစ်ဆေးမှုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စလို့ ဂျိုးဘိုင်ဒင် ပြော

26-1-2021-yyl-08.jpg

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်မှာ စစ်ဆေးမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စလို့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က မှတ်ချက်ပေးခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့ အနောက်ဆောင်ခန်းမမှာ CNN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဂျိုးဘိုင်ဒင်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ ဥပဒေပြုရေးအစီအစဉ်နဲ့ အစိုးရဝန်ကြီးအဖွဲ့ ရွေးချယ်မှုအပေါ် သက်ရောက်မှု ရှိစေနိုင်ပေမဲ့ စွပ်စွဲပြစ်တင်ဖို့အတွက် လွှတ်တော်မှာ စစ်ဆေးမှု မလုပ်နိုင်ခဲ့ရင် ကြုံရမယ့် သက်ရောက်မှုက ပိုဆိုးလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အခုအချိန်မှာ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်းသာ ၆ လလောက် ကျန်ဦးမယ်ဆိုရင် ထွက်ပေါ်လာမယ့်ရလဒ်က တစ်မျိုးတစ်ဖုံ ဖြစ်နေလိမ့်မယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာလည်း ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ ရီပတ်ဗလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ် ၁၇ ယောက်က ထောက်ခံမဲပေးမယ်လို့ မထင်ကြောင်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်မှာ စစ်ဆေးရေးဟာ ဂျိုးဘိုင်ဒင်ရဲ့ သမ္မတသက်တမ်း အစောပိုင်းနေ့ရက်တွေအပေါ် လွှမ်းမိုးမှုရှိနေပြီး စွပ်စွဲပြစ်တင်မှုလုပ်နိုင်အောင် ထောက်ခံရေးနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကြားမှာ ဟန်ချက်ညီအောင် ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ရဖို့ ရှိနေပါတယ်။

Ref: BBC ” Biden tells CNN Trump’s impeachment trial ‘has to happen’ “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top