Apple ကို တရုတ်အစိုးရက တားမြစ်ပိတ်ပင်တော့မလား

104726476_whatsubject.jpg

ဒီအတိုင်းသာဖြစ်လာရင် ကမ္ဘာ့ဒုတိယအကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူကို သူ့ရဲ့ ကြီးမားတဲ့ဈေးကွက်ကနေ ထွက်ခွာသွားရစေတဲ့အမေရိကန်အတွက် အထိနာစေမယ့်တန်ပြန်ထိုးနှက်ချက်တစ်ခုလို့ ဆိုရမှာပါပဲ။

Apple ဟာ တရုတ်အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အကျိုးအမြတ် (၂၉%) ကိုဆုံးရှုံးရမှုနဲ့အတူ တရုတ်ဈေးကွက်ကနေ ထွက်ခွာသွားရဖို့ရှိနေ

ကမ္ဘာ့တတိယအကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ Apple ဟာ တရုတ်အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အကျိုးအမြတ် (၂၉%) ကိုဆုံးရှုံးရမှုနဲ့အတူ တရုတ်ဈေးကွက်ကနေ ထွက်ခွာသွားရဖို့ရှိနေပါပြီ။ ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေကို တရုတ်မှာအဓိကအခြေစိုက်ထားပြီး တရုတ်ဈေးကွက်ကနေ ထုတ်ကုန်ရောင်းချမှုပမာဏစုစုပေါင်းရဲ့ (၁၇%) လောက်ရနေတဲ့ Apple အတွက်တော့ ဒါက သတင်းဆိုးပါပဲ။

တရုတ်အတွက်ကတော့ Apple ထွက်ခွာသွားခဲ့ရင် ပြည်တွင်းနည်းပညာအသိုင်းအဝိုင်းရဲ့ဖန်တီးနိုင်စွမ်းနဲ့ လုပ်သားတွေရဲ့ထုတ်လုပ်နိုင်စွမ်းတွေမှာ ကြီးမားတဲ့တိုးတက်မှုကို ရသွားနိုင်

ထုတ်လုပ်ရေးနဲ့ ဈေးကွက်အသစ်အတွက် အိန္ဒိယကို ပြောင်းလဲရွေးချယ်နိုင်ပေမဲ့လည်း ဒီအပြောင်းအလဲကြောင့် Apple အနေနဲ့ လတ်တလောအခက်အခဲတွေများစွာနဲ့ ရင်ဆိုင်လာရမှာပါ။ တရုတ်အတွက်ကတော့ Apple ထွက်ခွာသွားခဲ့ရင် ပြည်တွင်းနည်းပညာအသိုင်းအဝိုင်းရဲ့ဖန်တီးနိုင်စွမ်းနဲ့ လုပ်သားတွေရဲ့ထုတ်လုပ်နိုင်စွမ်းတွေမှာ ကြီးမားတဲ့တိုးတက်မှုကို ရသွားနိုင်ပါတယ်။

နောက်ဆုံးမှာ စားသုံးသူတွေသာ တရုတ်နဲ့အမေရိကန်ဆိုတဲ့ ကျွဲနှစ်ကောင်ကြားက မြေစာပင်တွေ ဖြစ်ရဖို့ရှိနေ

Apple အပြင် တရုတ်မှာအခြေစိုက်တဲ့ တခြားအမေရိကန်ကုမ္ပဏီတွေကလည်းများစွာရှိနေသေးတာမို့ Apple ကိုပိတ်ပင်လိုက်တာနဲ့ သူတို့လည်း တရုတ်ကနေစွန့်ခွာသွားကြမလားဆိုတာက စိတ်ဝင်စားစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ စားသုံးသူတွေသာ တရုတ်နဲ့အမေရိကန်ဆိုတဲ့ ကျွဲနှစ်ကောင်ကြားက မြေစာပင်တွေ ဖြစ်ရဖို့ရှိနေပါတယ်။

Ref: TechDator “In a War of Huawei, Chinese Govt is Now Banning Apple Products in China”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top