အိမ်ရာမဲ့တိုးပွားလာတဲ့ပြဿနာကို ဖြေရှင်းဖို့ ဒေါ်လာသန်း (၃၀) လှူဒါန်းခဲ့တဲ့ ဘီလျံနာ

mac1.jpg

ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ဆော့ဖ်ဝဲကုမ္ပဏီ Salesforce ရဲ့ စီအီးအိုဖြစ်သူ ဘီလျံနာ မာ့က် ဘန်နီအော့ဖ် (Marc Benioff) ဟာ အိမ်ရာမဲ့ပြဿနာကိုဖြေရှင်းဖို့ရာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ လုပ်ဆောင်မယ့် သုတေသနအစီအစဉ်အတွက် ဒေါ်လာသန်း (၃၀) လှူဒါန်းပြီး UCSF Benioff Homelessness and Housing သုတေသနစင်တာကို မ,တည်ထူထောင်ပေးခဲ့တယ် လို့ သိရပါတယ်။

ဆန်ဖရန်စစ္စမှာ မွေးပြီး ဆန်ဖရန်စစ္စကိုမှာပဲ ကြီးပြင်းလာခဲ့ရတဲ့ ဘန်နီအော့ဖ်ဟာ မိမိရဲ့ဇာတိ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ နေ့စဉ် လူပေါင်း (၁၂၉၀၀၀) အထိ အိမ်ရာမဲ့ဖြစ်နေရတဲ့ ပြဿနာကို အဆုံးသတ်နိုင်ဖို့်အတွက် အခုလို တစ်တပ်တစ်အား အဖြစ် ဦးဆောင်ပါဝင်လာတာဖြစ်ပြီး ဒီပြသနာရဲ့အခြေခံဟာ အိမ်ခြံမြေစရိတ်မြင့်မားလာမှုနဲ့ ဝင်ငွေမမျှတမှု တို့ကြောင့်ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နျူဆန် (Gavin Newsom) က “အိမ်ရာမဲ့ဖြစ်ရတဲ့ ပြဿနာက ဆန်ဖရန်စစ္စကိုမှာတင်မက ကယ်လီဖီုးနားယားပြည်နယ်အရပ်ရပ်ကို ရိုက်ခတ်နေတာပါ။ အခုသုတေသနလုပ်ငန်းစဉ်ကြောင့် ပြည်နယ်နဲ့ နိုင်ငံတစ်ခုလုံးအတွက် များစွာ အကျိုးရှိလာပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ အိမ်ရာမဲ့ပြဿနာကိုဖြေရှင်းဖို့ လမ်းပြပေးမယ့် ဓူဝံကြယ်ကို အချိန်မီလိုအပ်နေပါပြီ။ ဒီ သုတေသနအစီအစဉ်ဟာ နောက်ဆုံးပေါ်သုတေသနနည်းလမ်းတွေနဲ့အတူ အိမ်ရာမဲ့ပြဿနာကို ပြေလည်အောင် အဖြေရှာပေးသွားမယ့် လမ်းပြကြယ်ပါပဲ” လို့ ဘန်နီအော့ဖ်ကလည်း ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်ပြည်ရဲ့ စစ်တမ်းအရလည်း တစ်နိုင်ငံလုံးမှာ နေ့စဉ် လူငါးသိန်းခွဲကျော်ဟာ အိမ်ရာမဲ့ဖြစ်နေကြရတယ်လို့ သိရပါသေးတယ်။

Ref: CNN “Billionaire Marc Benioff donates $30 million to research homelessness”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top