ကနေဒါနိုင်ငံမှာ Social Distancing စည်းမျဉ်းနဲ့ အညီ အမိုးခုံးထဲမှာ တစ်ဦးချင်း ယောဂကျင့်လို့ရတဲ့ အစီအစဉ်

29-6-2020-yyl-015.jpg

COVID-19 ကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေက အရင်လို ပြန်မဖြစ်နိုင်သေးပါဘူး။ နေ့စဉ်ဘဝမှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့တွေက စည်းမျဉ်းတချို့နဲ့ နေထိုင်နေကြရပါတယ်။ အရင်က ဘဝတွေလိုမဟုတ်တော့ဘဲ အပြင်ထွက်လိုက်တာနဲ့ Mask တပ်ရတော့တာပါပဲ။ အခုတော့ ဆိုင်တချို့နဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်လို့ရတဲ့ နေရာတွေကလည်း Social Distancing စည်းမျဉ်းနဲ့ ပြန်ဖွင့်ထားကြပါတယ်။ ကနေဒါနိုင်ငံက ယောဂါစတူဒီယို တစ်ခုဆိုရင်လည်း ယောဂကျင့်တဲ့အခါ လူတွေအချင်းချင်း နီးကပ်နေမှာဆိုးတဲ့အတွက် လူတစ်ယောက်ချင်းစီအတွက် နေရာတွေကို ပလတ်စတစ်အမိုးခုံးတွေနဲ့ စီစဉ်ပေးထားပါတယ်။

Lmnts* Outdoor Studio အမည်ရတဲ့ယောဂစတူဒီယိုက အဆောက်အဦးထဲမှာမဟုတ်ဘဲ အပြင်ဘက်မှာပဲ Social Distancing စည်းမျဉ်းနဲ့ ယောဂကျင့်နိုင်အောင် လုပ်ဆောင်ပေးနေပါတယ်။ ယောဂကျင့်ချင်တဲ့သူတစ်ဦးချင်းက သူတို့ရဲ့ကိုယ်ပိုင်အမိုးခုံးနဲ့ အခန်းကို ကြိုတင်နေရာမှာထားရပြီး စပီကာနဲ့ စကရင်ကနေတဆင့် သင်ကြားပေးတာကို လိုက်နာကြရပါတယ်။ ဒီလို ယောဂကျင့်တဲ့ အစီအစဉ်ကို အခြားပြည်တွင်းစတူဒီယို (၆) ခုနဲ့အတူ ဇွန်လ ၂၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့ထိ တစ်ပတ်ကို (၇) ရက်နဲ့ Hotel X မှာ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

အဲဒီယောဂသင်တန်းက အမိုးခုံးတွေက နိုင်ငံတကာအဆင့်မီ ပစ္စည်းတွေဖြစ်ပြီး ယောဂကျင့်တဲ့သူတွေ ချွေးထွက်လောက်အောင် ပူတယ်လို့လည်း သတိပေးထားပါတယ်။ အရမ်းပူလာတဲ့အခါ အေးသွားစေဖို့အတွက် ပန်ကာတော့ရှိပါတယ်။ အမိုးခုံးထဲဝင်လိုက်တာနဲ့ ပုရွက်ဆိတ်လေးတစ်ကောင်က မှန်ဘီလူးအောက်မှာ ရှိနေသလို ခံစားချက်မျိုးခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမိုးခုံးနေရာမှာ ယောဂကျင့်ဖို့လာတဲ့အခါ ကိုယ်ပိုင်ရေဗူးနဲ့ တဘတ်တို့ကိုလည်း ယူဆောင်လာရမှာဖြစ်ပါတယ်။ စတူဒီယိုက အမိုးခုံးတွေကို ပံ့ပိုးပေးထားတဲ့အတွက် ယောဂကျင့်တဲ့သူတစ်ဦးချင်းစီက ပစ္စည်းတွေနဲ့နေရာတွေကို မျှဝေသုံးခြင်းမပြုဘဲ Social Distancing စည်းမျဉ်းကို ဆက်လက်လိုက်နာကြရမှာဖြစ်ပါတယ်။

Ref: Group Yoga Sessions Held Inside Giant Domes In Canada For Maximum Social Distancing

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top