ကမ္ဘာ့ဆရာများနေ့

portrait-of-elementary-school-pupils-sitting-on-V63DZPF-e1563713721988.jpg

အောက်တိုဘာလ (၅) ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘဝမှာ အခုလက်ရှိရောက်နေတဲ့ အနေအထားအထိ ဖြစ်ထွန်းလာခဲ့တာ၊ အသိပညာတွေ၊ အတွေးအခေါ်တွေ ပြည့်ဝလာခဲ့တာဟာ ဆရာတွေရဲ့ ကျေးဇူးနဲ့ မကင်းပါဘူး။ ဟိုးငယ်ငယ်ကလေးဘဝ ဝလုံးလေး ရေးတာကအစ အဆင့်မြင့်ပညာတွေအထိ သင်ကြားပေးခဲ့တဲ့ ဆရာ ဆရာမတွေ ရှိသလို ကျွန်တော်တို့နဲ့ အချိန်အကြာကြီး တွေ့ဆုံကြုံကြိုက်ခဲ့ရတာ မဟုတ်ရင်တောင် အသိအမြင်တွေ၊ အတတ်ပညာတွေ တိုးတက်သွားအောင် ကူညီပေးခဲ့တဲ့ ဆရာတွေရှိတယ်။ သင်ဆရာတွေ အပြင် မြင်ဆရာ၊ ကြားဆရာတွေလည်းရှိမယ်။

ဒီနေ့ ကမ္ဘာ့ဆရာများနေ့မှာ ကျွန်တော်တို့ ဘဝတလျှောက် အကူအညီအထောက်အပံ့တွေ ပေးခဲ့ကြတဲ့ ဆရာဆရာမတွေအကြောင်း လွမ်းတသသနဲ့ ပြန်ပြောင်း သတိရကြည့်ရအောင်လားဗျာ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top