ဖိလပိုင် နိုင်ငံအား ကမ္ဘာပေါ်တွင် အန္တရာယ် အရှိဆုံး နိုင်ငံအဖြစ်သတ်မှတ်

yyl-29-002.jpg

Global Finance Magazine ၏ Safety Index Score ထုတ်ပြန်ချက်အရ ဖိလပိုင် နိုင်ငံအား ၂၀၁၉ခုနှစ်တွင် ကမ္ဘာ့ အန္တရာယ် အရှိဆုံး နိုင်ငံအဖြစ်သတ်မှတ်ထားသည်။ Global Finance Magazine သည် စစ်ဘေး နှင့် ငြိမ်းချမ်းရေး၊ အမှုအခင်း စံနှုန်း၊ သဘာဝဘေး အန္တရာယ် အခြေအနေ အစရှိသည်တို့၏ စစ်တမ်းကောက် တိုင်းတာချက် အပေါ်တွင် အနှစ်ချုပ် သတ်မှတ်ခြင်းဖြစ်သည်။

ဖိလပိုင် နိုင်ငံ အား အန္တရာယ် အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းသည် မေးခွန်းများမေးရလောက်အောင် အံ့အားသင့်ရလောက် သော်လည်း နိုင်ငံတစ်နိုင်ငံ ၏ လုံခြုံမှုတိုင်းတာခြင်းသည် (the safety index score) ထိုနိုင်ငံ၏ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်နိုင်ရေး အခြေအနေ အားလုံးအပေါ် အနှစ်ချုပ် တိုင်းတာလျှင် လက်ခံရမည့် အနေအထားဖြစ်သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်း၌ပင် ဖိလပိုင် နိုင်ငံအများပြည် စျေးဝယ်ရာ ရှောပင်း စင်တာတစ်ခု၌ လုယက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း၊ မြေငလျှင် လှုတ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ လေထုညစ်ညမ်းခြင်း စသည်တို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့လျက်ရှိသည်။

ထိုအကြောင်းအရာများကို အခြေခံ၍ လုံခြုံမှု အားနည်းခြင်း၊ ငြိမ်းချမ်းရေး မတည်ငြိမ်ခြင်း နှင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်မှုများ နည်းပါးလွန်းသောကြောင့် ၂၀၁၉ခုနှစ်၏ ကမ္ဘာ့ အန္တရာယ် အရှိဆုံး နိုင်ငံအဖြစ်သတ်မှတ် ခံရခြင်း ဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top