ကိုယ်တိုင် ကြိုးစား ရှင်သန်ချင်စိတ်ဖြစ်လာအောင် အားပေးပါ

k.jpg

တစ်ခါတုန်းက အငြိမ်းစားဆရာမ တစ်ယောက်နဲ့ နည်းပညာကို စိတ်ဝင်စားတဲ့ အာမခံဝန်ထမ်းတို့ဟာ အိမ်ချင်းကပ်ရပ်နေကြသတဲ့။

သူတို့ နှစ်ဦးလုံးဟာ သူတို့ရဲ့ အိမ်တွေမှာ သစ်ပင်မျိုးစုံကို စိုက်ပျိုးလေ့ရှိကြတယ်။ အငြိမ်းစား ဆရာမဟာ သူမရဲ့ သစ်ပင်တွေကို ရေအရမ်းမလောင်းဘဲ၊ အရမ်း အလွန်အကျွံလည်း ဂရုမစိုက်ဘဲ နေလေ့ရှိတယ်။ နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့ အာမခံဝန်ထမ်းကတော့ သစ်ပင်တွေကို ရေတွေ အရမ်းလောင်းပြီး အရမ်းကို ဂရုစိုက်သတဲ့။

ဆရာမရဲ့ သစ်ပင်တွေက ပုံမှန်ပဲ ရှင်သန်နေတဲ့ ပုံပေါက်ပေမယ့် အာမခံဝန်ထမ်းရဲ့ သစ်ပင်တွေကတော့ အရမ်းကို သန်စွမ်းပြီး စိမ်းလန်းနေတဲ့ပုံပေါက်နေတာပေါ့။ တစ်ညမှာတော့ မိုးတွေ အရမ်းရွာပြီး မုန်တိုင်း အသေးစားတစ်ခု ဖြစ်သွားတယ်။ မနက်လည်းကျရော အာမခံသမားရဲ့ သစ်ပင်တွေက အမြစ်ကနေ ကျွတ်ထွက်နေတာတွေ့ရပြီး ဆရာမရဲ့ သစ်ပင်တွေကတော့ ခိုင်ခိုင်မာမာပဲ တည်ရှိနေပြီး သိ်ပ်ပြီး မပျက်စီးသွားဘူးတဲ့။

အဲ့ဒီအခါ အာမခံ ဝန်ထမ်းက ဆရာမကို ဘာဖြစ်လို့ သူ့သစ်ပင်တွေက ပြိုလဲကုန်ပြီး ဆရာမရဲ့ သစ်ပင်တွေက အကောင်းအတိုင်း ရှိနေရသလဲလို့ မေးလိုက်တယ်။ အဲ့ဒီအခါ ဆရာမက အာမခံ ဝန်ထမ်း အနေနဲ့ သစ်ပင်တွေကို ရေတွေ အများကြီး လောင်းပေးပြီး အလွန်အကျွံ ဂရုစိုက် ပျိုးထောင်တာမို့ သစ်ပင်တွေက အသက်ရှင်ဖို့ အတွက် ပြင်းပြင်းထန်ထန် ကြိုးစားစရာမလိုတော့ဘူးလို့ ပြောလ်ိုက်ပါတယ်။ သူမ အနေနဲ့ ကတော့ သစ်ပင်တွေကို ရေအလွန်အကျွံလောင်းတာမျိုး အလွန်အကျွံ ဂရုစိုက်တာမျိုးမရှိပါဘူး။ ဒါ့ကြောင့် သစ်ပင်တွေရဲ့ အမြစ်တွေက သူတို့ရဲ့ အစာရေစာ လိုအပ်မှုအတွက် ကိုယ်တိုင် တိုးချဲ့ရှာဖွေရတာ ဖြစ်လို့ သူတို့ ကုပ်တွယ်ထားတဲ့ အမြစ်တွေက ပိုနက်နဲပြီး ပိုခိုင်မာတာ ဖြစ်တယ်။ ဒါ့ကြောင့် သူမရဲ့ သစ်ပင်တွေက မပြိုလဲသွားတာဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကနေ တဆင့် ဥပမာပေး ပြောပြချင်တာက မိဘတွေရဲ့ သားသမီးတွေ အပေါ် ပြုစု ပျိုးထောင်ပုံကိုပါ။ မိဘတွေ အနေနဲ့ စိုးရိမ်စိတ်လွန်ကဲလို့ဖြစ်စေ၊ စိတ်မချလို့ဖြစ်စေ သားသမီးတွေ ကို အလွန်အကျွံ အလိုလိုက်တာမျိုး၊ အစစအရာရာ အဆင်သင့် လိုက်လုပ်ပေးတာမျိုး မဖြစ်အောင် သတိထားဖို့လိုပါတယ်။ ကလေးတွေ ကိုယ်တိုင် ကြိုးစားယူသင့်တဲ့ အရာမျိုးတွေကို ကိုယ်တိုင် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေ ဖို့ အရေးကြီးပါတယ်။ အစစအရာရာ အဆင်သင့် လက်ထဲ ထည့်ပေးနေမယ့်အစား ကိုယ်တိုင် ကြိုးကြိုးစားစား ရှင်သန်ချင်စိတ်လေး ဖြစ်လာအောင် အားပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေရဲ့ ငယ်ဘဝမှာ သစ်ပင်လေးတွေရဲ့ အမြစ်ကလေးတွေလိုပဲ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်၊ အားကိုးစိတ် အမြစ်တွယ်ခိုင်မာသွားဖို့ ပြုစုပျိုးထောင်ပေးပါလို့ တိုက်တွန်းပါရစေ။

Ref: Moral Stories: Keeping the roots stronger

Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top